တာချီလိတ်မြို့နယ်တွင် စေတနာရှင် လုပ်ငန်းရှင်ကြီးများဦးဆောင်သည့် ပညာရေးဖောင်ဒေးရှင်း
တစ်ခုအား စနစ်တကျပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယခု
ကြိုးပမ်းဆဲ ကာလတွင် တင်ပြလာချက်များအရ (၂၉.၄.၂၀၁၅) ရက်နေ့တွင် တာချီလိတ်မြို့
ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်းရုံးတွင် အစည်းအဝေးတစ်ခုကိုကျင်းပ
ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးမှာ တာချီလိတ်မြို့နယ်မိုင်းကိုးအုပ်စု မိုင်းကိုးအထကမှ ဒသမတန်းကို
ဂုဏ်ထူး (၅) ဘာသာဖြင့်အောင်ပြီး မကွေး ဆေးတက္ကသိုလ်ဒုတိယနှစ်တက်ရောက်နေသော
ပညာသင်ကြားရန် အခက်အခဲရှိနေသည့် မနန်းအောင်မော်မော်အား ကူညီထောက်ပံ့သည့်
အခမ်းအနားဖြစ်ပါသည်။ မနန်းအောင်မော်မော်သည် ပထမနှစ် ကိုလည်း ဂုဏ်ထူး(၅)ဘာသာ
ဖြင့် ဖြေဆိုအောင်မြင်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။
အစည်းအဝေးသို့ သတ္တုလုပ်ငန်းရှင်အသင်းဥက္ကဌဦးမြင့်ဦး၊ အတွင်းရေးမှူး ဦးတင်နွယ်
အဖွဲ့ဝင် ဦးနိုင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဦးထိန်မင်း၊ ဒေါ်စိုးဥမ္မာ
လက်ထောက်မြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှ၊မိုင်းကိုး အထက ကျောင်းအုပ်ဆရာကြီး
ဦးအေးသိန်း၊မနန်းအောင်မော်မော်၊ ၄င်း၏မိခင်နှင့်ဆွေမျိုးများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ဆေးကျောင်းသူ မနန်းအောင်မော်မော်၏ အခက်အခဲများကို
ရင်းနှီးပွင့်လင်းစွာဖြင့် တင်ပြစေပြီး မနန်းအောင်မော်မော်အတွက် ကျောင်းပြီးသည်အထိ
လစဉ်ထောက်ပံ့သွားရေးအတွက် ကမ္ဘောဇဘဏ်စာအုပ်တစ်ပါတည်း ဖွင့်လှစ်ပေးပြီး
ကနဦးလ ထောက်ပံ့ငွေ (၅)သိန်းအား ထည့်သွင်းကူညီသွားရန်ဆုံးဖြတ်ပါသည်။
ဤကဲ့သို့ ကူညီပံ့ပိုးခြင်းကြောင့် ကျောင်းသူလေး၏မိဘဆွေမျိုးများမှာ အထူးဝမ်းသာ
ကျေးဇူးတင်လျက်ရှိနေကြကြောင်းသိရှိရပါသည်။
တက်ရောက်လာသည့် လုပ်ငန်းရှင်ကြီးများအနေဖြင့်လည်း အခက်အခဲရှိပါက
မည်သည့်အချိန်မဆို ဖုန်းဖြင့်ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း
မိမိတို့၏ သားသမီးရင်းသဖွယ် နွေးထွေးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း
သတင်းရရှိပါသည်။
သတင်းဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment