ယနေ့ (၂၀.၂.၂၀၁၅) နံနက် (၉း၀၀)နာရီတွင် တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ဥက္ကဌ၊တာချီလိတ်
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းဦးဆောင်သော ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်အထောက်အကူ
ပြုကော်မတီဥက္ကဌဦးကြည်မြင့်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် တာချီလိတ်မြို့နယ်အတွင်း
ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နေရာများသို့ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်
များကို ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဆောက်လုပ်ပြီးစီးပြီဖြစ်သော ဖန်မင်ကျေးရွာအုပ်စု မူလွန်ဝမ်ကျောက်လုံနှင့် နားယောင်းကျေးရွာအုပ်စုရှိ
မူလွန်ပန်ချီဟတ် တို့ရှိ ကျောင်းအဆောက်အဦများ နှင့် မိုင်းကိုးကျေးရွာအုပ်စု မိုင်းကိုးအထက ရှိ ဆောက်လုပ်ဆဲ နှစ်ထပ်အဆောက်အဦတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အကြံပေးညှိနှိုင်းခဲ့ပါသည်။
ထို့နောက် အမက-ပန်ဟတ်ကျောင်းတွင်မိုးတွင်း ရေကြီးခြင်းအား ကာကွယ်ရန် မြေဖို့နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုပြီး လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့ပြင် မိုင်းကိုးကျေးရွာအုပ်စု ပန်ဟတ်-မောတွီလမ်း ကျောက်ချောလမ်းခင်းနေမှုနှင့် တံတား
များ ပြုပြင်မှုအခြေအနေများ၊ မောတွီရွာမှ အလွန်တွင် ဆောက်လုပ်လျက်ရှိသော အရေးပါသည့်
ချောင်းကျော်တံတားဆောက်လုပ်ပြီးစီးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် နားအွန်-မယ်ပိန်း မြေသားလမ်းဖောက်လုပ်နေမှုများကို ဆက်လက်ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များကို အကြံပြုလမ်းညွှန်ခဲ့ပါသည်။
ညနေပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌဦးကြည်မြင့်
ဦးဆောင်လျက် နားယောင်း(နားအွန်)ဆည် တည်ဆောက်နေမှုနှင့်ပြုပြင်ရေးလုပ်ငန်းများအား ဆက်လက်
ကွင်းဆင်းကြည့်ရှုခြင်း နှင့် တာလေမှ တာချီလိတ်တစ်လျှောက် ပြည်ထောင်စုလမ်းမကြီးတွင် တံတားများ
တည်ရှိရာနေရာများတွင် ရေစီးရေလာကောင်းမွန်မှုအခြေအနေနှင့် အမှိုက်သရိုက်စွန့်ပစ်မှုအခြေအနေ
များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဒေသတာဝန်ရှိသူများအား အကြံပြုဆွေးနွေး ခဲ့ကြောင်း
သိရှိရပါသည်။
သတင်း/ဓာတ်ပုံ -မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment