Tuesday, 16 September 2014

ကျောက်လိုဏ်ဂူဘုန်းတော်ကြီးသင်ပညာရေးကျောင်း







စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းထား၍ ကျောက်လိုဏ်ဂူဘုန်းတော်ကြီးသင်ကျောင်း
ပညာသင်ကြားရေးအဆင်ပြေ
တာချီလိတ် စက်တင်ဘာ ၁၇

          တာချီလိတ်မြို့မိုင်းဟဲကျေးရွာအုပ်စု   ကျောက်လိုဏ်ဂူဘုန်းတော်ကြီးသင်ပညာရေး     ကျောင်းတွင်
ကိုရင်ငယ် ၁၁ ပါးနှင့် ကျောင်းသားကျောင်းသူ ၄၃ ယောက်ပညာသင်ကြားလျက်ရှိသည်။ယခင်က  ကျောင်းတိုက်အောက်ထပ် သမံတလင်းတွင် စာသင်ခုံမရှိ ပညာသင်ကြားခဲ့ရသည်။ ပညာသင်ကြားရေး တွင်အခက်အခဲရှိနေသည့်အတွက် မင်းခေတ်သစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းမှငွေကျပ် ၁၁၃ သိန်းတန်ဖိုးရှိ အလျား ၁၀၀ ပေxအနံ၁၈ ပေ အုတ်ကာ၊အုတ်ကျွတ်မိုး    ကျောင်းဆောင်တစ်ဆောင်နှင့်
ငွေကျပ် ၇သိန်းခွဲတန်ဖိုးရှိ စာရေးခုံများလှူဒါန်းထားသဖြင့် ကျောင်းသားများပညာသင်ကြားရေးတွင် အဆင် ပြေလျက်ရှိသည်။ အဆိုပါကျောင်းတွင်ပညာသင်ကြားနေသော ကလေးငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မင်းခေတ်သစ်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းတို့ပူးပေါင်းပြီး စက်တင်ဘာ ၁၆ ရက်နံနက်က မင်းခေတ်သစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်နှင့်ဇနီးဒေါ်စန်းစန်းမြင့်တို့က အာဟာရ နို့နှင့် အာဟာရမုန့်များ ကျွေးမွေးပြီး ၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ကျောင်းအတွက် စာအုပ်စာစောင်များလှူဒါန်းခြင်း၊ စာပေဖတ်ရှုစေခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

                                                                                                ခရိုင်ပြန်/ဆက်

0 comments:

Post a Comment