Saturday, 13 September 2014



မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတာချီလိတ်၌ ကျင်းပ
တာချီလိတ်၊ စက်တင်ဘာ ၁၃
          တာချီလိတ်ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူး၍ တာချီလိတ် လူကုန်ကူး မှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)နှင့် ဝေါလ်ဗွီရှင်(မြန်မာ) တာချီလိတ်တို့ ပူးပေါင်းပြီး မြန်မာ နိုင်ငံလူကုန်ကူမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၃  ရက် နံနက် ၉ နာရီက ဟုတ်တက်ခန်းမ၌ ကျင်းပပြုလုပ်သည်။            အခမ်းအနားတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက လူကုန်ကူးခံရခြင်းအကြောင်းရင်းများနှင့်ပတ်သက်ပြီးအမှာစကားပြော ကြားသည်။ယင်းနောက် ခရိုင်လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဒုဥက္ကဋ္ဌခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်းက ပြည်ထဲရေးဝန်ကြီးးဌာန၀န်ကြီး၏ မိန့်ခွန်းအား ရှင်းလင်းတင်ပြသည်။ဆက်လက်ပြီး လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော အဖွဲ့အစည်းများကိုယ်စား ဝေါလ်ဗွီရှင်(မြန်မာ) တာချီလိတ် စီမံချက်မန်နေဂျာ ဒေါ်နန်းခမ်းခေါင်က လူကုန်ကူးမှုတားဆီးကာကွယ် ရေးတွင် အဖွဲ့အစည်းများမှ ပါဝင်လုပ်ဆောင်လျက်ရှိသော အခန်းကဏ္ဍများအကြောင်းကိုရှင်းလင်း ပြောကြားသည်။
          ထို့နောက် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ် ဖြစ်သော“လူသားအချင်းချင်း စာနာလို့၊ လူကုန်ကူးမှုတိုက်ဖျက်စို့”ခေါင်း စဉ်ဖြင့် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကိုကျင်းပခဲ့ပြီး ကဗျာ ၊ ပိုစတာ ၊ ကာတွန်း ၊ ပန်းချီ ၊ စာစီစာကုံး ပြိုင်ပွဲများ၌ ဆုများရရှိခဲ့သောကျောင်းသား/သူများအားတာဝန်ရှိသူများကဆိုများအသီးသီးချီးမြှင့်သည်။အခမ်းအနားသို့ မြန်မာ-ထိုင်း နယ်စပ်လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ ကော်မတီဝင်များ ( BCATIP )၊ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ(BCATIP)အဖွဲ့ဝင်Pol.Lt.Col Sukanya Phummarin ထိုင်းနိုင်ငံရောက် ပြည်ပနိုင်ငံသားတရားမ၀င်အလုပ်သမားများလွှဲပြောင်းပေးရေး တာဝန်ခံ Pol.Lt.Col Phanor Jaruphaet နှင့် အဖွဲ့ဝင်များလည်းတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
                                                                                      ခရိုင်ပြန်/ဆက်

0 comments:

Post a Comment