Sunday, 13 July 2014

တာချီလိတ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံပြို လူ ၇ ဦးသေဆုံး

တာချီလိတ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံပြို လူ ၇ ဦးသေဆုံး




တာချီလိတ် ဇူလိုင် ၁၃

          တာချီလိတ်မြို့တွင် ဇူလိုင် ၁၂ ရက်ည   သန်းခေါင်းယံမှစတင်ပြီး မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့်
ဇူလိုင် ၃ ရက် နံနက် ၂ နာရီအချိန်တွင် ၀မ်ကောင်းရပ်ကွက် မြန်မာရွာ အိမ်အမှတ်  ၆/၄၃၃ ဦးကျော်ထွေးလင်း  ပိုင်နေအိမ်နှင့် ၃ ခန်းတွဲ အိမ်တန်းလျား၏ ဘေးနံရံ အမြင့်ပေ ၂၀ ရှိ   ကျောက်ရိုးစီဖို့မြေ
ပြိုကျမှုကြောင့် နေအိမ်များပျက်စီးပြိုကျခဲ့သည်။ မြေပြိုကျမှုကြောင့် အိမ်တန်းလျားပိုင်ရှင် ဦးကျော်ထွေးလင်း
အသက်(၃၈)နှစ်၊ဇနီးဒေါ်ယဉ်နုအသက်(၃၇)နှစ်နှင့်  လသားအရွယ်သားတစ်ဦး မြေပိသေဆုံးခဲ့သည်။ထို့ပြင်  အိမ်ငှါးနေထိုင်သူ ဦးခင်မောင်သောင်း(၄၅)နှစ်၊ဇနီး ဒေါ်ဝင်းဆန်း(၂၅)နှစ်၊သားမှုံကြီး(၈)နှစ်နှင့်သမီး မပေါက်တူး  (၅)နှစ်တို့သည်လည်း ပွဲချင်းပြီးသေဆုံးခဲ့သည်။ မြေပြိုကျရာနေရာသို့ တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊        တပ်မတော်သားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီ၊မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ရပ်ကွက် ပြည်သူများမှ စက်ယန္တယား ကြီးနှင့်အတူ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်း များဆောင်ရွက်ခဲ့သည်။ သေဆုံးသူများ သင်္ဂြိုဟ် နိုင်ရေးနှင့် အိုးမဲ့ အိမ်မဲ့ဖြစ်သွားသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။
                                                                                      ခရိုင်ပြန်/ဆက်

0 comments:

Post a Comment