မြန်မာ့ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှု ပြိုင်ပွဲတာချီလိတ်၌ ကျင်းပ
တာချီလိတ် ဇူလိုင် ၁
တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်သော်လည်း
မြန်မာအမျိုးသမီးများနှင့် တိုင်းရင်း သူ အမျိုး
သမီးများသည် မိမိတို့ရိုးရာအ၀တ်အစားများကို တန်ဖိုးထားဝတ်ဆင်ကြသည်ကို တွေ့ရှိရသည်။ ဤသို့
ဝတ်ဆင်ကြခြင်းမှာ တာချီလိတ်ခရိုင် /မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့မှ ကြီးမှူးပြီး
မြန်မာအမျိုးသမီး များနေ့အထိမ်းအမှတ် အဖြစ် မြန်မာ့ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြပွဲ/ပြိုင်ပွဲကို
နှစ်စဉ်ကျင်း ပပေးခဲ့ခြင်း၏ ရလဒ်
ပင်ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲကိုလည်း ဇွန် ၃၀ ရက် ည ၇ နာရီက
တာချီလိတ်မြို့အောင်မြတ်ခန်းမတွင်ကျင်းပပြုလုပ်သည်။ပြိုင်ပွဲမကျင်းပမီ
မြန်မာတေးသီချင်းများ၊တိုင်းရင်းသား ရိုးရာ အကပဒေများဖြင့် သီဆို ကပြ
ဖျော်ဖြေသည်။ပြိုင်ပွဲတွင်
မြန်မာတိုင်းရင်းသူ၂၇ဦးသည် မြန်မာဆန်ဆန်
ဝတ်စားဆင်ယင်မှုပုံစံတစ်မျိုးစီဖြင့်ပါဝင်ယှဉ်ပြိုင်ကြသည်။ပြိုင်ပွဲတွင်
ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း
ကိုယ်စားပြုမချယ်ရီအောင်က ပထမ၊ အထက(တာချီလိတ်)ကိုယ်စားပြု မနန်းဟွမ်ခေးကျောက် က ဒုတိယ၊ ဟောင်လိတ် ရပ်ကွက်ကိုယ်စားပြု
မနီလာစိုး က တတိယ
အသီးသီးရရှိကြသည်။ ပြိုင်ပွဲအပြီးတွင်
ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်က ပထမဆုရ မချယ်ရီအောင် အား
ဆုများချီးမြှင့်ပြီး၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊
မြို့နယ် အမျိုးသမီးရေးရာ
အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော် နှင့် တာဝန်ရှိသူများက ဒုတိယ၊ တတိယနှင့်နှစ် သိမ့်ဆုရရှိသူများအားဆုများချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment