Monday, 7 April 2014

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း၊ အသင်းဆိုင်ရာကိစ္စများတာချီလိတ်၌ရှင်း






တာချီလိတ် ဧပြီ ၆

          မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ရှမ်းပြည်နယ်(ရုံးခွဲ)မှ    အလုပ်အမှုဆောင်အဖွဲ့သည် ဧပြီ ၆ ရက်နံနက် ၉နာရီခွဲက၊ တာချီလိတ်မြို့အောင်မြတ်ခန်းမ၌ တာချီလိတ်မြို့ရှိ အကျိုးဆောင်များနှင့် တွေ့
ဆုံပြီး အသင်းဆိုင်ရာကိစ္စများနှင့်အသင်းဝင်ရောက်ရေးကိစ္စများ ရှင်းလင်းပြောကြားသည်။ ယင်းသို့ ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းရှမ်းပြည်နယ်(ရုံးခွဲ)ဥက္ကဋ္ဌဒေါက်တာ စိုင်းအောင်ကျော်က အသင်းကြီးဖြစ်ပေါ်လာပုံနှင့် အသင်း၏၀န်ဆောင်မှုလုပ်ငန်းများကိုရှင်းလင်းပြောကြား သည်။သည်။ယင်းနောက်အတွင်းရေးမှူးဒေါ်လီလီဝင်းကအသင်း၏ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြား ပြီး အသင်းဝင် ရဲအုပ်စံသိန်းက အသင်းဝင်ရောက်ခြင်း၏အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားသည်။  ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူ များကပြန်လည် ဖြေကြား သည်။ အသင်းကြီးအနေဖြင့် မြို့နယ်အဆင့် ရုံးခွဲ ဖွင့်လှစ်နိုင်ရေးအတွက်  တာချီလိတ်မြို့သို့   ပထမဆုံးလာ
ရောက်ခြင်းဖြစ်ပြီးအသင်းဝင် ၅၀ ဦး ရှိပါက သင်တန်းပို့ချပေးမည်ဖြစ်ကြောင်းသိရှိရသည်။


                                                                                                ခရိုင်ပြန်/ဆက်

0 comments:

Post a Comment