တာချီလိတ် ဧပြီ ၅
တာချီလိတ်မြို့တွင် မင်းခေတ်သစ်သတ္တု
တူးဖော်ရေးကမ္ပဏီ မှ ကျောက်မီးသွေးသုံး ဓာတ်အားပေး
စက်ရုံ တည်ဆောက်ရေးအတွက် ဧပြီ ၄ ရက် မွန်းလွဲ ၂ နာရီ တွင် မြို့နယ်
အထွေထွေ အုပ်ချုပ် ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ သက်ဆိုင်သူများနှင့်တွေ့ဆုံဆွေးနွေးသည်။ ရှေးဦးစွာ မင်းခေတ်သစ်ကုမ္ပဏီမှ အမှုဆောင်အင်ဂျင်နီယာ ဦးလှသွင်က စီမံကန်းဆိုင်ရာအချက်အလက်များကိုရှင်းလင်းတင်ပြရာတွင်
“ကျောက်မီးသွေးစက်ရုံကို၁၀မဂ္ဂါဝပ်စက်နှစ်လုံးတပ်ဆင်မည်ဖြစ်ကြောင်း၊စက်ရုံကို မိုင်းဟဲကျေးရွာအုပ်စု၊
ကျောက်လိုဏ်ဂူကျေးရွာအနီးတွင်တည်ဆောက်မှာဖြစ်ကြောင်း၊စက်ရုံဧရိယာ ၂၅ ဧက၊၀န်ထမ်းအိမ်ရာ
၁၅ ဧက၊စုစုပေါင်းဧရိယာ၄၀ဧကဖြစ်ကြောင်း၊စက်ရုံပြီးစီးပါကတာချီလိတ်မြို့တွင်မကပတ်ဝန်းကျင်ကျေးရွာများပါ
ဓာတ်အားပေးမည်ဖြစ်ကြောင်း၊စက်မှုဇုန်များလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊လူသားအရင်းအမြစ်
နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စသည်ဖြင့်ရှင်းလင်း
တင်ပြ သည်။ ဆက်လက်ပြီးမြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ကုမ္ပဏီ(REM)မှ ဒါရိုက်တာ ဦးဇော်နိုင်ဦးက
စီမံကိန်းအား ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလေ့လာဆန်းစစ်မည့် အချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်တက်ရောက်လာသူများမှ ဓာတ်အားခနှုန်းထားသည်လက်ရှိနှုန်းထားထက် လျော့နည်းမှုရှိ/မရှိ၊
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိ/မရှိ၊ဓာတ်အားပေးနိုင်မည့်အချိန်ကာလ၊ဓာတ်အားလုံလောက်စွာဖြန့်ဖြူးပေး
နိုင်မှုရှိမရှိ စသည်ဖြင့်မေးမြန်းရာ ဓာတ်အားခနှုန်းထားနှင့်ပတ်သက်၍ ၀န်ကြီးဌာနမှ
သတ်မှတ်သည့်နှုန်းထား
ဖြင့်ကောက်ခံမည်ဖြစ်ကြောင်း
စသည်ဖြင့်ဖြေကြားသည်။ တွေ့ဆုံဆွေးနွေးပွဲကို
ထပ်မံတွေ့ဆုံမည်ဖြစ်
ကြောင်းလည်းသိရှိရသည်။
ခရိုင်ပြန်/ဆက်





0 comments:
Post a Comment