တာချီလိတ် မတ် ၂၅
(၆၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်
မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော
တာချီလိတ်မြို့နယ်၊ ရန်ကုန်-ဟွေတာ ကျေးရွာ ချင်းဆက် ကျောက်ချောလမ်းသစ်ဖွင့်ပွဲကို
မတ် ၂၅ ရက် နံနက် ၉ နာရီ က အဆိုပါလမ်းထိပ် မုခ်ဦးတွင် ပြုလုပ်သည်။ ရှေးဦးစွာ ကျေးလက်
ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းက
လမ်းသစ်နှင့် ပတ်သက်ပြီးရှင်းလင်းတင်ပြပြီး ဒေသ ခံတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ဦးစီးမှူးဦးအောင်ထွန်းနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးကျော်ငြိမ်းတို့က လမ်းသစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်
ပေးပြီး လမ်းသစ်အားကြည့်ရှုစစ်ဆေးကြ သည်။ အဆိုပါလမ်းသည် အရှည်ပေ ၂၆၄၀၊အကျယ် ၁၂ ပေရှိပြီး
ငွေကျပ် ၂၀၃.၉၀ သိန်းအကုန်အကျခံကာ၂၀၁၄ခုနှစ်၊ဇန်န၀ါရီ ၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလမ်းဖွင့်လှစ်ခြင်းကြောင့် ဟွေတာကျေးရွနှင့်
ရန်ကုန်ကျေးရွာ ဒေသခံပြည်သူတို့ သည် မိုးတွင်းကာ လွယ်ကူချောမွေ့စွာသွားလာနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment