တာချီလိတ်ခရိုင် မွေးမြူရေးးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူးပြီး မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက် ဖွံ့ဖြိုးရေး လူငယ် သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီက ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနခန်းမတွင်ပြုလုပ်သည်။ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့၊မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီအဖွဲ့၊မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့၊ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊လူမှု ရေးအသင်းအဖွဲ့များ သင်တန်းသားများတက်ရောက်ကြသည်။ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊(အောက်ပုံ) ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြသည်။ အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စုများ မှသင်တန်းသား ၂၈ ဦး တက်ရောက်ကြပြီး သင်တန်း ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ထိ ပို့ချသွား မည်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်




0 comments:
Post a Comment