Friday, 7 February 2014

ရှမ်းပြည်နယ်နေ့အခမ်းအနားတာချီလိတ်၌စည်းကားသိုက်မြိုက်စွာကျင်းပ



        
ရှမ်းပြည်နယ်နေ့အခမ်းအနားတာချီလိတ်၌စည်းကားသိုက်မြိုက်စွာကျင်းပ
တာချီလိတ် ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီ ရက် နံနက် နာရီက တာချီလိတ်မြို့ ၊ဟောင်လိတ်ကျေးရွာအုပ်စု ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုပိုင် ကွင်းပြင် မြေနေရာတွင်စည် ကားသိုက်မြိုက်စွာကျင်းပသည်။ အခမ်းအနားမစတင်မီ မြို့ပေါ် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်စုနှင့်  တာလေ၊  ကျိုင်းလပ်မြို့နယ်ခွဲ တို့မှ ရှမ်း၊လားဟူ၊အာခါ တိုင်းရင်းသား   ၂၀၀၀    ကျော်တို့သည်
ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့နှင့်အတူ ကွင်းအတွင်း စနစ်တကျ နေရာ ယူကြသည်။ ယင်းနောက် အခမ်းအနားအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ဦးစိုင်းနွန်း တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး နိုင်ငံတော်အလံနှင့်ရှမ်းပြည်နယ်အလံတို့အား အလေးပြုကြသည်။ဆက်လက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှပေးပို့သောသ၀ဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးကလည်းကောင်း၊ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်ထံမှပေးပို့သောသ၀ဏ်လွှာ အားမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူးကလည်းကောင်း ဖတ်ကြားသည်။ထို့နောက်ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံ  သမိုင်းအကျဉ်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်နှင့် ဦးစိုင်းပင်းခမ်းတို့ကရှင်းလင်း တင်ပြသည်။ဆက်လက်ပြီး အာခါစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဦးအားလယ်က အာခါတိုင်း ရင်းသားများအနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများနှင့် ထာဝစဉ်အတူလက်တွဲ ပူးပေါင်းနေထိုင်ရှိ ကြောင်း ပြောကြားသည်။ထို့နောက် တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြောင်းသိရှိရသည်။

                                                                                                ခရိုင်ပြန်/ဆက်

0 comments:

Post a Comment