တာချီလိတ်မြို့၊မိုင်းကိုးကျေးရွာအုပ်စုတွင်
လူမှုကူညီရေးအသင်း ရုံးဖွင့်
တာချီလိတ် ဒီဇင်ဘာ ၂၈
တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု
လူမှုကူညီရေးအသင်း(မိုင်းကိုး)ရုံးဖွင့်ပွဲကို
ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀နာရီခွဲက ဟိုရမ်းကျေးရွာရှိ အဆိုပါ ရုံး အဆောက်အဦရှေ့တွင်ပြုလုပ်သည်။
ရုံးအဆောက် အဦအား တာချီလိတ်သတင်းတပ်ဖွဲ့ ဒု-ရဲမှူး ၊အသင်းနာယက ဦးကြာအေ့၊အသင်းဥက္ကဋ္ဌ
ဦးဆူးဝမ်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး အသင်းဆိုင်းဘုတ်အား ခရိုင်စီမံကိန်းဦးစီးမှူး
ဦးမင်းသိမ်းက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ယင်းနောက်ဒုတိယပိုင်းအခမ်းအနားဆက်လက်ကျင်းပရာ
ခရိုင်စီမံကိန်းဦးစီးမှူး ဦးမင်းသိမ်းက အမှာစကားပြောကြားပြီး၊ အသင်းဥက္ကဋ္ဌ ဦးဆူးဝမ်းက
အသင်းဖွဲ့စည်း တည်ထောင်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းတင်ပြသည်။ ယင်းနောက်အလှူရှင်များအား
ဂုဏ်ပြုမှတ် တမ်းလွှာများပေးအပ်သည်။ အဆိုပါအဖွဲ့၏ရည်ရွယ်ချက်မှာ လူမျိုးမရွှေး၊ဘာသာမရွေး
အခက်အခဲရှိသူများ အား စေတနာဖြင့်ကူညီပေးရန်ဖြစ်ပြီး ကျန်းမာရေး၊ပညာရေး၊လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို
ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment