Sunday, 29 December 2013

(၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကြိုဆိုဂုဏ်ပြု တာချီလိတ်၌ကတ္တရာလမ်းသစ်ဖွင့်



(၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကြိုဆိုဂုဏ်ပြု တာချီလိတ်၌ကတ္တရာလမ်းသစ်ဖွင့်
တာချီလိတ် ဒီဇင်ဘာ ၂၉

          (၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်တာချီလိတ်မြို့၊ဟောင်လိတ်ကျေးရွာ
အုပ်စု၊ပါလျှံ(၂) အာခါဗုဒ္ဓကျောင်းလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၉ ရက်နံနက်(၉)နာရီက အဆိုပါ လမ်းထိပ်မုခ်ဦးတွင်ပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက မြို့နယ်စည်ပင်သာ ယာရေးဌာနအနေဖြင့် ရပ်ကွက်လမ်းများအား ကတ္တရာလမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးမှုအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြို့နယ်စည်ပင်သာယာရေးဌာန၊အမှုဆောင်အရာရှိ ဒုတိယညွှန်ကြား ရေးမှူး ဦးကိုကိုက မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင် လမ်းတံတားနှင့်ရေပေး ရေးးလုပ်ငန်းဆောင်ရွက်ပေးမှုအခြေအနေများကိုတင်ပြသည်။ဆက်လက်ပြီး ဒေသခံ အာခါတိုင်းရင်းသား တစ်ဦးက ယခင်မြေသားလမ်းသည် မိုးရာသီတွင်သွားလာရန်အခက်အခဲရှိသဖြင့် ယခုကဲ့သို့ ကတ္တရာလမ်း ခင်းပေးခြင်းကြောင့် ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။ယင်းနောက်အထိမ်းအမှတ်အလံငယ်များပေးအပ် သည်။ ဆက်လက်ပြီး လမ်းသစ်အား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ခရိုင်အုပ်ချုပ်ရေးမှူး ဦိးသောင်းတင်ထွေးနှင့် အမှုဆောင်အရာရှိ ဦးကိုကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကတ္တရာလမ်းသစ် အား ကြည့်ရှုကြသည်။ အဆိုပါလမ်းသစ်သည် အရှည် ၅၉၆၀ပေ၊အကျယ် ၁၂ ပေရှိပြီး မြို့နယ်စည်ပင်သာယာ ရေးဌာနမှ ၂၀၁၃ခုနှစ်၊မေလ ၂၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

                                                                                                ခရိုင်ပြန်/ဆက်





0 comments:

Post a Comment