(၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို တာချီလိတ်
အထက ၌ဟောပြော
တာချီလိတ် ဒီဇင်ဘာ ၂၄
(၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲများကို
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး
အခြေခံပညာအထက်တန်းကျောင်းများသို့ ကွင်းဆင်း ဟောပြောလျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက် နံနက်
၁၀ နာရီတွင် တာချီလိတ်မြို့ခြေခံပညာအထက်တန်းကျောင်း တွင် ဟောပြောသည်။ ဟောပြောပွဲတွင်
ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းက အမှာစကားပြောကြားပြီး မြို့ နယ်စာရေးဆရာအသင်းမှဆက်လက်ဟောပြောရာ
ဦးစိုးစိုး(စိုးသီဟစိုး)က ပထမမြန်မာနိုင်ငံတော်မှတတိယ မြန်မာနိုင်ငံတော်ထိကာလကိုလည်းကောင်း၊
ဦးမောင်ကြည်( မောင်ဆွေငြိမ်း)က ကုန်းဘောင်ခေတ်ကာလ
ကိုလည်းကောင်း၊ ရဲအုပ်စံသိန်း(မောင်ဖိုးစံ-ဒူးယား)က အင်္ဂလိပ်မြန်မာ ပထမ၊ဒုတိယ၊တတိယ
စစ်ပွဲများနှင့် လွတ်လပ်ရေးရရှိသည့် ကာလထိလည်းကောင်း အသီးသီးဟောပြောကြကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment