(၂၀.၁၂.၂၀၁၃)ရက်နေ့ နံနက် ၉နာရီတွင် တာချီလိတ်မြို့နယ် ဆန်ဆိုင်းအခြေခံပညာအထက်
တန်းကျောင်းတွင် ၆၆နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။
အဖွင့်အမှာစကားအားကျောင်းအုပ်ဆရာကြီးဦးဝင်းမြင့် မှပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာ
အသင်းဝင် ၊တာချီလိတ်စာရေးဆရာအသင်းအဖွဲ့ဝင်များဖြစ်သော ဦးမြင့်ဝင်းလှ(မြတ်မျိုးမြင့်မာန်)
နှင့်ဦးစိုးစိုး (စိုးဦး-ပြန်ဆက်)တို့က လွတ်လပ်ရေးနေ့ဆိုင်ရာသိကောင်းစရာများ၊ မြန်မာလွတ်လပ်
ရေးကြိုးပမ်းမှုသမိုင်းတို့အား ဟောပြောခဲ့ကြပါသည်။ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ
စာရေးဆရာများက (၁၉.၁၂.၂၀၁၃) ရက်နေ့တွင် တာချီလိတ်မြို့နယ် မိုင်းကိုးအထကတွင် ဟော
ပြောခဲ့ကြကြောင်းနှင့် (၂၁.၁၂.၁၃)ရက်နေ့တွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင်
လည်းကောင်း(၂၃.၁၂.၁၃)ရက်နေ့တွင် အထက -တာချီလိတ်တွင်လည်းကောင်း လွတ်လပ်ရေး
နေ့အကြို ဟောပြောပွဲများကို ကျောင်းသားလူငယ်များ လွတ်လပ်ရေးနေ့၏ အနှစ်သာရကို နားလည်ခံယူထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဟောပြော သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြတ်မျိုးမြင့်မာန်
1 comments:
လေးစားပါတယ် အစ်ကို
Post a Comment