တာချီလိတ်မြို့ရွှေတိဂုံစေတီတွင် ဒုတိယအကြိမ်
ပိဋကတ် သုံးပုံ ကျောက်စာတိုင်စိုက်ထူ
တာချီလိတ် အောက်တိုဘာ ၇
တာချီလိတ်မြို့ရွှေတိဂုံစေတီရင်ပြင်တွင် ဂုံရှမ်းဘာသာဖြင့်ရေးထိုးထားသော
ပိဋကတ်သုံးပုံကျောက် စာတိုင် ၂၅၀၀ စိုက်ထူမည်ဖြစ်သည်။ပထမအသုတ်ရောက်ရှိလာသောကျောက်စာတိုင်များအားမေ၂၂
ရက်နေ့က
ရွှေတိဂုံစေတီ
အနောက်ဘက်ရင်ပြင်တွင်စိုက်ထူခဲ့ပြီးဖြစ်သည်။ ကျန်ရှိသောကျောက်စာတိုင်များအား ရွှေတိဂုံ
စေတီ ရင်ပြင် အပြင်ဘက် ကျောက်စာတိုင်ဓမ္မာရုံကြီးတွင် စိုက်ထူမည်ဖြစ်ရာ ဒုတိယအကြိမ်စိုက်ထူပွဲအခမ်း
အနားကို အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီက အဆိုပါဓမ္မာရုံတွင်ပြုလုပ်သည်။ အခမ်းအနားသို့
နဂါးနှစ် ကောင်ဆရာတော်ဘုရားကြီးအမှူးပြုပြီး၊ ထိုင်းနိုင်ငံချင်းရိုင်းမြို့ ၀မ်ဖကျောက်ဆရာတော်
ဦးဓမ္မ နှင့် မြို့ပေါ် ကျောင်းတိုက်မှဆရာတော်များကြွရောက်တော်မူကြပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး တက်ရောက်ပြီး ကျောက်စာတိုင်ကို စိုက်ထူပေးသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး
မဟာမြတ်မုနီကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒ န္တအာဒိစ္စ၀ံသလင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ယင်းနောက်ဆရာ
တော်များက ပရိတ်တရားတော်များချီးမြှင့်သည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နှင့်ဇနီး
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့်ဇနီး၊တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်သန်းထွန်းဦးနှင့်
ဇနီး စသည်တို့က ဆရာတော်သံဃာတော်များအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ ယင်းနောက်
ရှမ်းပြည်နယ်အစိုးရမှ လှူဒါန်းသော အလှူငွေကျပ် ၁၀ သိန်းအား ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး
ဦးစိုင်းထွန်း ရင် ကပေးအပ်ရာ မြို့မိမြိုဖ ဦးမောင်လေးကလက်ခံရယူသည်။ ထို့နောက်နဂါးနှစ်ကောင်ဆရာတော်ဘုရား
ကြီးနှင့်ဆရာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများက ကျောက်စာတိုင်များအား
အမွေး နံ့သာရည် များပက်ဖျန်းပြီးကျောက်စာတိုင်များကို စိုက်ထူပေးသည်။ကျောက်စာတိုင်စိုက်ထူစဉ်ဆရာ
တော်သံဃာတော်များက ဇယန္တောဗောဓိယာ မူလေ အစချီ ဂါထာ ၃ ပိုဒ်ရွတ်ဆိုကြောင်းသိရှိရသည်။
0 comments:
Post a Comment