Wednesday, 9 October 2013

အနားယူခြင်း

ကျွန်တော့်အနေနဲ့ ဘ၀ ကိုအလုပ်လို့သတ်မှတ်ထားတာပါ၊
လူတစ်တစ်ယောက်ရဲ့အလုပ်ဟာသူ့ရဲ့တန်ဘိုးကိုပြသနေတယ်လို့သတ်မှတ်ပါတယ်၊
ဒီတော့ ကျွန်တော်အလုပ်ကို ဇွဲခတ်ပြီးလုပ်လေ့ရှိပါတယ်၊
ဒါပေမဲ့ ချောမွေ့ရဲ့လား၊
မဟုတ်ပါဘူးဗျာ၊ စိတ်ဖိစီးမှုတွေ များပြားလာခဲ့ပါတယ်၊
စိတ်ဖိစီးမှတော့ အလုပ်လဲမတွင်တော့ပါဘူး၊
ဒီတော့ လဲ စာအုပ်စာပေတွေမွှေနှောက်ပြီးအဖြေရှာတော့ ရလာပါတော့တယ်၊
ကောင်းမွန်စွာနားခြင်းဟာလဲ အလုပ်လုပ်ခြင်းဖြစ်ပါသတဲ့၊
လူတစ်ယောက်ဟာ အလုပ်တစ်ခုကို ကောင်းစွာလုပ်ပြီးရင် သေခြာပေါက်နားကိုနားရပါမယ်၊
ဒါဟာနောက်အလုပ်တစ်ခုလုပ်ဖို့ အားယူခြင်းပါပဲ၊
အဲဒီတော့ ဘယ်လိုနားမလဲ
လုပ်ပြီးတဲ့အလုပ် နောက်မှာ အခြားအလုပ်တစ်ခုပြာင်းလုပ်ခြင်း
စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဆော့ကစားခြင်း၊ ကော်ဖီသောက်ခြင်း
ဆိုတဲ့ မိမိနှစ်သက်တဲ့အလုပ်ကို အေးဆေးစွာလုပ်လိုက်ရင် နားပြီးသားဖြစ်သွားပါတယ်၊
အချိန်ရရင် ခဏတဖြုတ် နှစ်ချိုက်စွာ အိပ်စက်လိုက်လို့လဲရပါတယ်၊
အဲသလို နားပြီး လုပ်ရမဲ့အလုပ်ကို လုပ်ကြည့်ပါ၊
အလုပ်တကယ်တွင်တာတွေ့ရပါလိမ့်မယ်
ဒါကြောင့်မို့ အလေးအနက် ပြောပါရစေ၊ အလုပ်တကယ်တွင်ချင်ရင်
နားချိန်ကိုလဲစနစ်တကျအချိန်ပေးပါ လို့...။

(ထိန်မင်း)

0 comments:

Post a Comment