ကိုယ်ခံပညာကို အင်္ဂလိပ်လို အနက်ဖွင့်တော့ self defense လို့ခေါ်ပါတယ်၊
တိုက်ခိုက်ဖို့မဟုတ်ပါဘူး။၊
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပါ၊ ထိုမှ ဆက်ရင် မိမိရဲ့မိသားစု၊ အသိုက်အ၀န်းကိုကာကွယ်ဖို့ပါ၊
အဲဒီပညာကရောလွယ်ပါသလား၊
သိပ်ပြီး အချိန်ယူရပါတယ်၊ စနစ်ကျရပါတယ်၊ ဇွဲရှိရပါတယ်၊
အနိမ့်ဆုံးလက်သီးဆုပ်တာကအစ နည်းစနစ်ရှိပါတယ်၊
လက်ဖ၀ါးလေးကိုဖြန့်၊ တစ်ဆစ်ချိုး ၊နှစ်ဆစ်ချိုး၊ လက်မနဲပပိတ်၊ တင်းတင်းဆုပ် စသဖြင့်
အဆင့်ဆင့် လေ့ကျင့်ရပါတယ်၊
အဲဒီနောက် အခြေခံအကျဆုံးဖြစ်တဲ့ ရပ်နည်း၊ထိုင်နည်းတွေလာပါတယ်၊
သိပ်ပြီးလက်ဝင်ပါတယ်၊ အထိုင်မှန်ဖို့၊ အထိုင်မြဲဖို့ လပေါင်းများစွာလေ့ကျင့်ရပါတယ်၊
အထိုင်မှန်ပြီဆိုမှ လက်သီးထိုးစသင်ရပါတယ်၊ လက်ကို အဖြောင့်ကြီးထားလို့မရပါဘူး၊
တစ်ဖက်သားအလွယ်တကူ လိမ်ချိုးသွားနိုင်တာမို့ (၃)ဆစ်ချိုးနဲ့ မာကျောနေရပါတယ်၊
ကန်ချက်ကရော
မလွယ်လှပါဘူး၊
ကန်တယ်ဆိုတာ ခြေတစ်ချောင်းထဲမှာသာ အထိုင်ချပြီး လှမ်းကန်တာမို့၊အောက်ခြေလွတ်သွာ
ကိုယ့်ရဲ့ အထိုင်မှန်ဖို့ အချိန်များစွာယူရပါတယ်၊
နောက်မှ ကန်ချက်တစ်ခုချင်းအလိုက် စနစ်တကျ လေ့ကျင့်ယူရပါတယ်၊
လွတ်နေတဲ့ နေရာကွက်ကွက်လေးဆီ ထိရောက်စွာကန်နိုင်ဖို့ နည်းစနစ်မှန်မှရပါမယ်၊
ဒီနေရာမှာတော့ ကန်ကန် ထိုးထိုး အချက်(၃)ချက်ကို အလေးထားရပါမယ်၊
ထိရမယ်၊ ထိရောက်ရမယ်၊ မြန်ရမယ် ဆိုတာပါပ
အဲဒီနေရာမှာတော့အသက်ရှူတာသိပ်အေ
စိတ်တည်ငြိမ်နေဖို့လဲ အချိန်များစွာ လေ့ကျင့်ရပါသေးတယ်၊
အရိပ်ကြီး(၃)ပါးလဲရှိပါသေးတယ်၊
မြေရိပ်၊ လရိပ်၊နေရပ်ပါ၊
အကြမ်းအားဖြင့် ရန်သူကို နိမ့်တဲ့နေရာရောက်သွားအောင် မောင်းသွင်းရပါတယ်၊
ဆူး၊ ချိုင့် ရှိတဲ့နေရာခေါ်သွားရပါတယ်၊ အဲဒါကမြေရိပ်ပါ၊
နေရိပ်ကတော့ တဖက်သားကို နေရောင်ထိုးအောင် လှည့်ပေးရတာပါ၊
သူ့မျက်နှာနေရောင်ထိုးနေရင် သူအားနည်းသွားပါလိမ့်မယ်၊
ထိုနည်းတူ ညအခါတိုက်ရရင် မဲမဲရှောင် ပြောင်ပြောင်မနင်းနဲ့ဆိုသလိုလို
ရှိပါတယ်၊
အလားတူ ၊တိုက်ရခက်နေရင် တဖက်သားရဲ့ အားအနည်းဆုံးကို ရှာဖွေတိုက်ရပါတယ်၊
ခြေသန်းလေးတစ်ချောင်းကိုချိုးနိ
ခဏနေ တကိုယ်လုံးအားပျော့ လာပါလိမ့်မယ်၊
အားနည်းတဲ့နေရာကိုလဲဖိတိုက်ရပါမ
ယောင်္ကျားဆိုရင်တော့ဂွဆုံပေါ့၊ ပြီးရင်တော့ မျက်လုံး၊မေးရိုး၊အရှိုက်၊မှစပြီ
စသဖြင့် အားအနည်းဆုံးနေရာကိုဖိတိုက်ရပါတ
စိတ်ဓာတ်လဲ အရေးကြီးပါတယ်၊ ဒါကြောင့်မို့ တစ်ဖက်သားကိုသွေးထွက်အောင် လုပ်တာတို့၊
ကိုယ်ကိုယ်တိုင် ကီသွင်းထားတာတို့ပါပါတယ်၊
ဘာမဆိုလဲ လက်နက်ဖြစ်ပါတယ်၊ လဲကျသွားလို့ မြေကြီးကိုဆုပ်မိရင်လဲ ယူထားလိုက်ပြီး
တစ်ဖက်သားရဲ့မျက်စိကိုပက်လို့ရပ
အုပ်စုလိုက်တိုက်ရပြီဆိုရင်တော့
ကိုယ်ကရှေ့ဖက်ကိုမဲနေတုံး နောက်ဖက်က၀င်ရိုက်သွားတာခံလိုက်
ဒါပေမဲ့ ကိုယ်ခံသမားစစ်စစ်က ဘယ်တော့မှ ရန်မစတတ်ပါဘူး၊
ရန်ဖြစ်ဖို့ အားမသန်ပါဘူး၊
ကိုယ့်ကို မျက်ရည်ကြီးငယ်(၃)ခါကျစေခါမှ အပြတ် တိုက်ပွဲဝင်တတ်ပါတယ်၊
(မောင်ပု)
0 comments:
Post a Comment