Tuesday, 9 July 2013

မျှော်

မိုးတွေခြိမ်းတော့
ကျွန်တော့ရဲ့သားကြောက်နေတယ်
ဖက်ထားပါဖေဖေ လို့လဲပြောတယ်
မကြောက်နဲ့သားရေဆိုပြီး အားပေးစကားနဲ့
သားကိုဖက်ထားလိုက်တယ်
မိုးတိတ်သွားတဲ့အချိန်မှာတော့
သားရဲ့မျက်ဝန်းတွေလဲတောက်ပလာတယ်
ရဲရင့်တဲ့အဖေဆိုတဲ့ အကြည့်နဲ့သားပြုံးတယ်
ဖေဖေဘာမှ မကြောက်ဘူးလားလို့လဲမေးလာတယ်
ဒီတော့လဲ ဖေဖေဘာမှမကြောက်ဘူးလို့ ပြန်ဖြေရတာပေါ့
သားရဲ့မျက်ဝန်းထဲမှာအထင်ကြီးစိတ်တွေနဲ့ပြည့်လျှံလို့
ကျွန်တော့ကို ပြုံုးပြီးကြည့်နေတာများ
လောကကြီးကိုတောင်စိမ်ခေါ်မဲ့ပုံနဲ့
ဒါမှ ဒို့ဖေဖေကွ လို့ပြောတဲ့အချိန်မှာတော့ ကျွန်တော့ရင်ထဲမချိဘူး
ကျွန်တော့တို့မှာ ကြောက်စရာတွေရှိတယ်မဟုတ်လား
လုပ်နိုင်တဲ့သူတွေကလုပ်ချင်ရာလုပ်လို့ရတယ်မဟုတ်လား
ဘုရားသခင်ကိုယ်တိုင်က ခဏစောင့်လို့ပြောထားတယ်မဟုတ်လား

(မင်းအေးငြိမ်းဈေ)

0 comments:

Post a Comment