Tuesday, 9 July 2013

မုတ်သုန်ကြို

ကျွန်တော့အစ်ကို
ကဗျာဆရာ
နိုင်မွန်အောင်သွင်က
ပန်းတို့ပွင့်တဲ့
ရာသီတစ်ရာ
လိုချင်တယ် တဲ့

ကျွန်တော်ကတော့
အခုလို
မိုးဖွဲဖွဲလေး
ရွာနေတဲ့အချိန်မှာ
စိတ်ရှင်းရှင်းနဲ့
ပျိုးကြဲလို့ရတဲ့
လယ်ကွင်းတစ်ရာ
လိုချင်နေတယ်.......။

(မင်းအေးငြိမ်းဈေ)

0 comments:

Post a Comment