တာချီလိတ်၌မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြို
ဟောပြော
တာချီလိတ်
ဇွန် ၁၁
(၁၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုတရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်
ရေးနေ့ အကြိုဟောပြောပွဲကို ဇွန် ၁၁ ရက် နေ့ နံနက် ၉ နာရီတွင် ဟောင်လိတ်အခြေခံပညာအထက်
တန်းကျောင်းနှင့်မွန်းလွဲ ၁ နာရီတွင် ပုန်းထွန်အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ဟောပြောသည်။
ဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးအတူးကမူးယစ်ဆေးဝါးဆိုင်ရာဥပဒေအကြောင်းကိုလည်းကောင်း၊မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်ဦးဝေယံဦး(နေတစ်စင်း)
က သိခြင်း၊မသိခြင်းနှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးမှူး
ဦးခင်မောင်ကျော်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသောရောဂါလက္ခဏာများကိုလည်းကောင်း၊
မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း အတွင်းးရေးမှူး ဦးသိန်းထွန်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ခရိုင်ပြန်ကြားရေး
နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်က မူးယစ်ဆေးဝါးဆိုင်ရာသတင်းအချက်
အ လက်များကို လည်းကောင်း၊တာချီလိတ်မူးယစ်(အထူး)အဖွဲ့ ရဲအုပ်မြင့်လွင်က မူးယစ်ဆေးဝါးအကြောင်းနှင့်
ဖမ်းဆီးရရှိမှု အခြေအနေ များကိုလည်းကောင်း အသီးသီးဟောပြောကြသည်။ ဟောပြောပွဲအား ဇွန်
၁၀ ရက် နေ့က တာချီလိတ် အထက နှင့် ဆန်ဆိုင်းအထကတို့တွင် ဟောပြောခဲ့ကြပြီး ဇွန် ၁၂ ရက်နေ့တွင်
မိုင်းကိုး အထကနှင့် ဇွန် ၁၃ ရက်နေ့တွင် ၀မ်ပုံမူလွန်ကျောင်းတို့တွင် ဆက်လက်ဟောပြောမည်ဖြစ်ကြောင်းသိရှိရ
သည်။
0 comments:
Post a Comment