တာချီလိတ် ဧပြီ ၂၁
ဧပြီ ၂၄ ရက်နေ့တွင် ရောင်းချမည့်
CDMA-800 MHz မိုဘိုင်းဖုန်း လျှောက်လွှာများကို တာချီလိတ်မြို့တွင် ယနေ့
ဧပြီ ၂၁ ရက်နေ့မှ
စတင်ပြီး လျှောက်လွှာများ စတင်လက်ခံလျက်ရှိသည်။ လျှောက်လွှာများကို ဧပြီ ၂၂ ရက်နေ့ထိလက်ခံ
သွားမည်ဖြစ်ပြီး တာချီလိတ်မြို့ပြည်သူများအတွက် ပထမအသုတ် SIM
card 700 အား ဧပြီ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ
တွင် အောင်မြတ်ခန်းမ
၌ မဲစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ လျှောက်ထားရမည့် အချက်အလက်အသေးစိတ်များ
ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ရပ်ကွက်/ကျေးရွာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့်
မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း(တာဝန်ခံရုံး)တို့တွင်
စုံစမ်းနိုင်ကြောင်းလည်းသိရှိရသည်။ ဧပြီ ၂၁ ရက် နံနက် ၁၁ နာရီထိ လျှောက်
ထားသူ ၁၀၀
ကျော်ရှိပြီဖြစ်ကြောင်းလည်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
ပေးပို့သူ =
ခရိုင်ပြန်/ဆက်
ဓာတ်ပုံ = ၅ ပုံ
0 comments:
Post a Comment