တာချီလိတ် ဧပြီ ၂၄
တာချီလိတ်မြို့တွင် ဧပြီ ၂၃ ရက်နေ့က ၁၅၀၀ ကျပ်တန် CDMA -800 MHz SIM Card ၇၀၀ကို မဲနှိုက်ရွေးချယ်ခဲ့သည်။လျှောက်ထားသူ
၉၄၀ ဦး ရှိခဲ့ပြီး မဲမပေါက်၍ ကျန်ရှိသူများအား
နောက်တစ်သုတ်တွင် လျှောက်လွှာထပ်တင်စရာမလိုဘဲ ဆက်လက်မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။မဲပေါက်သူများအားယနေ့
ဧပြီ ၂၄ ရက်နေ့ နံနက် ၉ နာရီမှစပြီး မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံးမှာ SIM Cardများ စတင်ရောင်းချလျက်ရှိသည်။။ ယနေ့အရောင်းပိတ်ချိန်ထိ
SIM Card ၃၇၀ ရောင်းချပြီးဖြစ်သည်။ ကျန်ရှိသော SIM Cardများအားဧပြီ၂၆ရက်နေ့အထိ ဆက်လက်ရောင်းချ
ပေးသွားမည် ဖြစ်ကြောင်းလည်းသိရှိရသည်။ SIM
Card ရောင်းချသည့်နေရာတွင် Hand set အရောင်းဆိုင် ၂ ဆိုင်မှ လည်း Hand set များလာရောက်ရောင်းချနေသည်ကိုလည်းတွေ့ရှိရသည်။ Hand
set အမျိုးအစားများကတော့ တရုတ်နိုင်ငံမှလာသောHandset
များဖြစ်ပြီး ၀ယ်လိုအားနည်း သည်ကို တွေ့ရသည်။
တာချီလိတ်ဒေသခံပြည်သူများအနေဖြင့် အကောင်းကြိုက်သူများဖြစ်သည့်အတွက် အမျိုးအစားကောင်း
Hand set များလိုလားကြသည်။ငွေဖြည့်ကတ်များကို တော့ အဆွေတော် မီနီမတ်မှာ ၀ယ်ယူရရှိနိုင်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment