ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တာချီလိတ်မြို့ကုန်သည်ကြီးများအသင်းဖွံ့ဖြိုးတိုးတက်ရေး
တွေ့ဆုံဆွေးနွေး
တာချီလိတ် ဇန်န၀ါရီ ၂၇
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ဇန်န၀ါရီ
၂၇ ရက်နံနက် ၉နာရီကတာချီလိတ်မြို့အောင်မြတ်ခန်းမ၌ကုန်သည်ကြီးများနှင့်တွေ့ဆုံပြီးကုန်သည်ကြီးများအသင်း ဖွံ့ဖြိုးတိုးတက်ရေးမှာ
ကြားသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်၊
ပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးအောင်ကျော်ညွန့်၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊
ခရိုင်အုပ်ချုပ်ရေးမှူး
ဦးသောင်းတင်ထွေးနှင့် OSS အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် ပါတီကိုယ်စားလှယ်များ
ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်များ၊ကုမ္ပဏီများနှင့် ကုန်သည်လုပ်ငန်းရှင်များတက်ရောက်ကြသည်။
အခမ်းအနား၌ပည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောကြားရာတွင် ကုန်သွယ်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်
ဖြည့်လျှော့မှုတွေပေးခဲ့ကြောင်း
ယင်းဖြေလျှော့မှုအပေါ် မသမာမှုတွေလည်းရှိလာကြောင်း၊ထို့ကြောင့် mobie team ဖွဲ့စည်းခဲ့ကြောင်း၊ယင်းသို့ဖွဲ့စည်းခြင်းမှာလည်းပြည်သူနဲ နိုင်ငံတော်အတွက်ဖြစ်ကြောင်း၊တာချီလိတ်ကုန်သည်ကြီးများအသင်းအား
ဒီထက်မကတိုးတက်စေချင်ကြောင်း၊အသင်းဝင်လည်းတိုးတက်စေချင်ကြောင်းတစ်ဖက်နိုင်ငံထက်နောက်ကျ မကျန်ရစ်ဖို့ လိုကြောင်း၊အားလုံးညီညီညွတ်ညွတ်လုပ်ကြဖို့လိုကြောင်း၊ပို့ကုန်များအားကုန်ကြမ်းပို့တာထက်ကုန်ချောပို့နိုင်ပါက ဈေးပိုရမှာဖြစ်ကြောင်း
လိုအပ်တဲ့ နည်းပညာတွေအကူအညီပေးမှာဖြစ်ကြောင်းနှင့် လိုအပ်ချက်များအား ပွုင့်ပွင့်လင်းလင်းတင်ပြဆွေး
နွေးကြစေလိုကြောင်းစသည်ဖြင့်ပြောကြားသည်။ယင်းနောက်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးတူးမောင်နှင့်
စီမံကိန်း နှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့် တို့က ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်ပြီးတက်ရောက်လာသူများမှ တာချီလိတ်မြို့ လျှပ်စစ်မီးမီတာခ လျှော့ချနိုင်ရေး၊ မြို့တွင်းသို့ ၂၂ ဘီးယာဉ်များ အချိန် အကန့်အသတ်ဖြင့် ၀င်ခွင့်ရရေး၊မိုင်းယောင်း၊မိုင်းယုတွင်
ရေအားလျှပ်စစ်ထုတ်ယူရန် ချေးငွေရရှိရေး၊ လမ်းခင်းကျာက်များ ပြည်ပပို့ခွင့်ပြန်လည် ရရှိရေး၊Mini
bus အထက်ယာဉ်များ နယ်စပ်မှတင်သွင်းခွင့်ရရှိရေး၊ ကြက်သွန်ဖြူနှင့် သစ်ခေါက်များ တင်ပို့ရာတွင် အခက်အခဲများဖြေရှင်းပေးနိုင်ရေးစသည်တို့ဆွေးနွေးတင်ပြသည်။ဆွေးနွေးတင်ပြချက်အပေါ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။
မောင်ဆွေငြိမ်း
0 comments:
Post a Comment