ရေးလို့ရသမျှ
ရာသီဥတုအကြောင်း
သစ်ပင်ပန်းမာန်အကြောင်း
နံပြားဖုတ်ရင်ဂျုံမှုန့်သုံးရတဲ့အကြောင်း
“အေ့”လို့ဂျို့ထိုးပြီးရင်“ဆောရီး”လို့ပြောသင့်တဲ့အကြောင်း
မိဘဂုဏ်အင်အကြောင်း
မိုးရေထဲလမ်းလျှောက်ရင်မိုးစိုနိုင်တဲ့အကြောင်း
ဆေးလိပ်မကောင်းတဲ့အကြောင်းတွေ
ရေးတဲ့စာရေးဆရာ
ကျွန်တော့်အတွက်
နှာစေးပျောက်ဆေး
လမ်းကြုံရင်ဝယ်ပေးလှည့်ပါ။
ကိုထိန်(တာချီလိတ်)
0 comments:
Post a Comment