စာရေးကိရိယာများထောက်ပံ့
တာချီလိတ် နိုဝင်ဘာ ၁၄
တာချီလိတ်ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
အနေဖြင့် ကျေးရွာ မူလတန်းကျောင်းများရှိ ကျောင်းသားကျောင်းသူများ ပညာ
သင်ကြားရေးတွင် အခက်အခဲမရှိစေရေးအတွက် ကျောင်းသုံး စာရေးကိရိယာ
များနှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပါသည်။ ယခုနှစ်ပညာသင်နှစ်တွင်လည်း
(၁၄)ကြိမ်မြောက်အဖြစ် နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီ က အောင်မြတ်ခန်း
မမှာ စာရေးကိရိယာများထောက်ပံ့တဲ့အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ အခမ်း
အနားမှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အမှာစကားပြောကြား
ပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်း
က စာရေးကိရိယာများထောက်ပံ့ပေးအပ်ရခြင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြော
ကြားပါတယ်။အဲဒီနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက အလှူရှင်
များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး တာချီလိတ်၊တာလေ၊ကျိုင်းလပ်
မြို့နယ်များရှိ မူလတန်းကျောင်းသားများအတွက် စာရေးကိရိယာများထောက်
ပံ့ပေးအပ်ပါတယ်။ ဒီနေ့ထောက်ပံ့ပေးအပ်တဲ့ စာရေးကိရိယာများတန်ဖိုးက
တော့ ငွေကျပ် ၈၇ သိန်းခန့်ဖြစ်ပြီး ကျောင်းပေါင်း ၈၈ ကျောင်း၊ကျောင်းသား
ပေါင်း ၉၇၈၇ ဦးအတွက်ဖြစ်တယ်လို့သိရပါတယ်။
မောင်ဆွေငြိမ်း
0 comments:
Post a Comment