Wednesday, 14 November 2012

ယနေ့မြင်ကွင်းကျယ်ဇတ်လမ်းတိုများ

ဘောလုံးကို
ကြိုးစားပန်းစားဆွဲယူလာခဲ့၊
ဂိုးသွင်းခါနီးတော့
တစ်ဖက်နောက်တန်းရဲ့
မာမာတင်းတင်းတုံ့ပြန်မှုကြောင့်
ဂိုးစည်းထဲမှောက်ရက်လှဲချ
“ပယ်နယ်တီရအောင်လို့“တဲ့၊

တစ်ဖက်တင်းနစ်ဘောလုံး
သိပ်မြန်လွန်းတော့
ပြန်တောင်မရိုက်လိုက်နိုင်ဘူး၊
ဒီတော့
ဘက်တန်ကိုရိုက်ချိုး
“သိပ်စိတ်ဆိုးလို့“ပါတဲ့ ၊

အမြင့်ထောင်လာတဲ့ဘော်လီဘော
ကိုယ်ကလိုက်မခုန်နိုင်တော့
တစ်ဖက်ကခုတ်ချ
ကိုယ့်စည်းအတွင်းထဲကျ
“ညံ့ပါကိုယ့်လူများ”တဲ့၊

ဘောလုံးတွေက
မကြာခဏ
ရီနေကြတယ်ဆိုပဲ...။

ကိုထိန်(တာချီလိတ်)

0 comments:

Post a Comment