တာချီလိတ်မြို့နယ်ပညာရေးဌာနမှ မြို့နယ်တွင်း ထက်လယ်မူ ကျောင်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှဦးဆောင်သောမြို့နယ်ပညာရေးအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းလှ နှင့် မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူ များသည် ယနေ့ (၁၅.၁၁.၁၂)ရက်နေ့ နံနက်(၈)နာရီမှ ညနေ(၄)နာရီထိ မြို့နယ်အတွင်းရှိ အောက်ဖေါ်ပြပါကျောင်းများသို့ကွင်းဆင်းစစ်ဆေးပြီး
လိုအပ်သည်များကို လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
(၁) အထက(ခွဲ)မိုင်းကိုး
(၂) ရန်ရှင်း(မူလွန်)
(၃) မောတွီ(မူလွန်)
(၄)မယ်လိတ်ပါကော်(မူလွန်)
(၅) အမက-ယန်းခမ်း
(၆) အမက-၀မ်မုန်
(၇) အမက-ရန်နိုင်
(၈) အမက-ကော်မယ်လိတ်
စစ်ဆေးတွေ့ရှိရချက်များအရ မိဘပြည်သူများ၏ ချစ်ခင်လေးစားမှုကို ခံယူပြီး စည်းရုံးရေးဖြင့် ကျောင်း၏ စိတ်ဓာတ်၊စည်းကမ်း၊ပညာမြင့်မားရေးကို ပညာရေးဌာနလမ်းညွှန်ချက်အတိုင်း
ဆောင်ရွက်သွားရန် ၊ကျောင်းသန့်ရှင်းရေး ကို မိမိကျောင်းသားအင်အားဖြင့်ကြိုးစားဆောင်
ရွက်ပြီး လိုအပ်ပါကရပ်ရွာမိဘပါဝင်လာရေးအတွက်စည်းရုံးဆောင်ရွက်ရန်၊ကျောင်းစိမ်းလန်းစိုပြည်ရေးအား
အထူးဆောင်ရွက်ကြရန်၊
ဘက်စုံထူးချွန်သော လူရည်ချွန်များ ပေါ်ပေါက်လာရေးအတွက် မူလတန်းမှစ၍ စနစ်တကျ
ပျိုးထောင်ကြရန်၊တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ကြိုးစားဆောင်ရွက်ရန်၊
ကျောင်းသားဗဟိုပြုစီစီအေနည်းစနစ်ဖြင့်ထိရောက်သောသင်ကြားမှုဖြစ်ရေးအတွက်ကြိုးစားဆောင်ရွက်ရန် ၊ကျောင်းရုံးလုပ်ငန်းများအား စနစ်တကျဖြစ်စေရေးအတွက် ကျောင်းအုပ်ကြီးများက ဦးဆောင်ပြီး ထိန်းသိမ်းဆောင်ရွက်၍ အချိန်နှင့်တစ်ပြေးညီ ဌာနသို့တင်ပြဆောင်ရွက်ကြရန်တို့ကို လမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ ၊ မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment