တာချီလိတ်မြို့နယ်စာရေးဆရာအသင်းလုပ်ငန်းညှိနှိုင်းစည်းဝေး
တာချီလိတ် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်စာရေးဆရာအသင်းလုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ဒီနေ့နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀နာရီမှာ ခရိုင်ပြန်ကြားရေး
နှ်င့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှာပြုလုပ်ပါတယ်။ အစည်းအဝေးမှာ ဥက္ကဋ္ဌ
ဦးထိန်မင်း(မင်းအေးငြိမ်းဈေ)က ရွှေတြိဂံမဂ္ဂဇင်းထုတ်ဝေရေး၊ စာရေးဆရာအသင်း ပြက္ခဒိန် ဖြန့်ချိရေး၊စာရေးဆရာအသင်းရုံးအဆောက်အဦ
အပြီးသတ်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြပါတယ်။ ဒါ့အပြင် ပြည်သူတွေအသိအမြင်ဗဟုသုတတိုးပွားစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့
ဆက်ဆံရေးဦးစီးဌာနက စာပေရေချမ်းစင် ဆောင်ရွက်နေသကဲ့သို့ မိမိတို့စာရေး
ဆရာအသင်းမှလည်း လူစည်ကားရာဂိတ်တွေမှာ အပတ်စဉ်ထုတ်ဂျာနယ်များ
ထားရှိဆောင်ရွက်လျက်ရှိကြောင်းပြောကြားပါတယ်။ အတွင်းရေးမှူးဦးမောင်ကြည်(မောင်ဆွေငြိမ်း)က ငွေစာရင်းရှင်းတမ်းတင်ပြပြီး
ပြည်သူဗဟိုပြုသောပြည်သူ့ဝန်ဆောင်မှုအသိပညာပေးရေးဆိုင်ရာလုပ်ငန်းများ
အား ပါဝင်ဆောင်ရွက်ဖို့တင်ပြပါတယ်။ အဖွဲ့ဝင် ဦးမြင့်လွင်(ဇေယျာမင်းကေတု)
ကစာရေးဆရာအသင်းရုံးအဆောက်အဦဆောက်လုပ်ပြီးစီးမှုအခြေအနေကိုတင်
ပြပါတယ်။အဲဒီနောက်မှာတော့အဖွဲ့ဝင်အားလုံးက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်
များကိုဆွေးနွေးကြပါတယ်။ ဒီနေ့အစည်းအဝေးမှာ အဖွဲ့ဝင်အားလုံး စုံညီစွာတက်
ရောက်ကြပြီး စာရေးဆရာအသင်းအနေဖြင့် ပြည်သူ့အကျိုးဆောင်ရွက်ဖို့လုပ်
ငန်းစဉ်များချမှတ်ခဲ့တယ်လို့သိရပါတယ်။
မောင်ဆွေငြိမ်း
0 comments:
Post a Comment