ဟိုက္ကူကဗျာ
ကမ္ဘာတွင် ဂျပန်လူမျိုးများဟာအသက်ရှည်တဲ့ လူမျိုးများစာရင်းတွင်ပါဝင်ပါတယ်။ အမျိုးသမီး ၈၁ နှစ်၊အမျိုးသား ၇၆ နှစ်ပျမ်းမျှအသက်ရှည်ကြပါတယ်။ဒါဟာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်နေပါတယ်။ ဂျပန်လူမျိုးတို့ဟာ စာပေကိုမြတ်နိုးကြတယ်။စာဖတ်သူများတယ်။ကျနော်တို့နိုင်ငံမှာတော့ စာဖတ်ဖို့မနည်းစည်းရုံးနေရတယ်။ ဒေါသသည်ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဂျပန်လူမျိုးတို့ဟာဒေါသနည်းကြတယ်။ ဒါဟာစာပေအဆုံးအမကြောင့်ဖြစ်တယ်။ဂျပန်လူမျိုးတိုင်းသည် ဟိုက္ကူကဗျာစပ်ရန် မွေးရာပါတာဝန်ဖြစ်တယ်။ ဟိုက္ကူကဗျာ ဟာ ၅-၅-၇ သို့မဟုတ် ၅-၇-၅ နဲ့စပ်ဆိုကြပ်ါတယ်။စာလုံးပေါင်း ၁၇ လုံးပါတယ်။
ပို/လို ရှိရင် ဟိုက္ကူ မဟုတ်ပါဘူး။ အဓိပ္ပါယ်ရှိတဲ့ ၁၇ လုံးဖြစ်ရပါမယ်။ သစ္စာတရားကိုပြရမယ်။ ယောက်ကျားလေးက မိန်းကလေးကိုချစ်ရေးဆိုတာ သစ္စာ ပြတာမဟုတ်ပါဘူး။မေတ္တာပြတာပါ။ စိတ်ဓာတ်ကျတာ မဟုတ်ရဘူး။နှိုးဆော်တာလည်းမဟုတ်ရဘူး။ဘယ်သူဖတ်ဖတ်တရားကျအောင်သစ္စာပြရမယ်။အတင်းအကြပ်
လည်းမစပ်ရဘူး။ ဒါဆို နမူနာစပ်ကြည့်ရအောင်-
၁။ ကောက်စိုက်မယ်တို့ဟာ
ရွှံ့မပေတဲ့တစ်ခုသာ
သူတို့တေးသံပါ။
၂။ ရုံးရင်းကန်ရင်းသာ
ကြိုးကတင်း၍လာ
ပိုးကျိုင်းကောင်လေးပမာ
၃။ ပန်းလှကန်းစွန်းနွယ်
ရေပုံးကြိုးညိတွယ်
ရေသောက်ချင်လို့ရှိပေမယ်။
မိတ်ဆွေများ ၀ါသနာပါရင် စပ်ဆိုကြပါ
0 comments:
Post a Comment