Saturday, 6 October 2012

သတင်း




ဒုတိယ၀န်ကြီးဦးဘုန်းဆွေတာလေမြို့ဒေသဖွံ့ဖြိုးရေးနှင့်ငလျင်အပြီးသတ်ပြန်လည်
တည်ဆောက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
တာချီလိတ် အောက်တိုဘာ ၆

    လူမှုဝန်ထမ်းကယ်ဆယ်ရေနှုင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယ၀န်ကြီး
ဦးဘုန်းဆွေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများဖြစ်ကြသော စည်ပင်သာယာရေး
ဝန်ကြီး ဦးတူးမောင်၊လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန်၊အာခါတိုင်းရင်း
သားရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ဌာနဆိုင်ရာများလိုက်ပါလျက် အောက်တိုဘာ ၄ ရက်နံနက် ၉
နာရီတွင် တာလေမြိှု့သို့သွားရောက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့်ငလျင်ဒဏ်
သင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ကျောင်းများအပြိးသတ်ပြန်လည်
တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
    ရှေးဦးစွာ ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် နားယောင်းကျေးရွာအုပ်စု၊ပါဟုတ်ကျေးရွာ
အနီးရှိ နမ့်လင်းချောင်းကူး သံမဏိကြိုးတံတား တည်ဆောက်ပြီးစီးမှုကိုကြည့်ရှုစစ်ဆေး
သည်။ ယင်းနောက် အပြီးသတ်ရန်ကျန်ရှိနေသည့်ဘုန်းတော်ကြီးကျောင်း(၁၂)ကျောင်း
နှင့်ခရစ်ယာန်ကျောင်း(၇)ကျောင်းတို့ကိုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ပြီးစီးရေး
ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
    အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီတွင် တာချီလိတ် မူးယစ်(အထူးအဖွဲ့)ရုံး
ခန်းမတွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချ
ရေးအတွက် ဒေသခံတောင်သူများအပိုဝင်ငွေရရှိမည့် ဆီမုံညင်း၊ကြက်ဆူကြား၊ကော်ဖီ၊
ဒညင်း စိုက်ပျိုးထုတ်လုပ်ရေးကို အသေးစိတ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။


                              

0 comments:

Post a Comment