ပြေးရင်းနားရင်း
တော်တော်တော့ခရီးပေါက်ခဲ့ပြီ
ကိုသန်းလှိုင်ကတော့
တစ်ဆောင်းသစ်ပြန်ပြီ တဲ့
နားထင်စပ်ကဆံပင်ဖြူကတော့
နီးပြီနော် တဲ့
ဟုတ်ပါပြီ
မနက်ဖြန်မနက်ကစလို့
ပြင်ဆင်စရာရှိတာ
ပြင်တော့မယ် လို့
တစ်ရာ့တစ်ကြိမ်မြောက်
ဆုံးဖြတ်ချက်ချဖြစ်တယ်...။
ကိုထိန်(တာချီလိတ်)
0 comments:
Post a Comment