တာချီလိတ် အောက်တိုဘာ ၂၂
နိုင်ငံတကာကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပေးရှင်းလင်းပွဲကိုဒီနေ့
နံနက် ၉ နာရီက ခရိုင်ပြည်သူ့ဆေးရုံ သင်တန်းခန်းမမှာပြုလုပ်ပါတယ်။အခမ်း
အနား သို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးရဲထူး နဲ့ ဆက်စပ်တဲ့ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ကျန်းမာရေး
ဝန်ထမ်းများတက်ရောက်ကြပါတယ်။ ရှေးဦးစွာ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာစောလွင်က ယခင်က ကြက်ငှက်တုပ်ကွေး၊လူတုပ်ကွေးရောဂါများ
ကူးစက်မှုများရှိခဲ့ကြောင်း၊ ဆား ရောဂါတော့ မြန်မာနိုင်ငံမှာကူးစက်မှုမရှိ
ခဲ့ကြောင်း၊ ယင်းရောဂါများဖြစ်ပွားချိန်က ထိုင်း-မြန်မာချစ်ကြည်ရေးတံတား
အမှတ် ၁ တွင်၊ စမ်းသပ်စစ်ဆေးရေးအဖွဲ့များဖြင့်ဆောင်ရွက်ခဲ့ကြောင်းစသည်
ဖြင့်ပြောကြားပြီး ဆောင်ရွက်မည့်အစီအစဉ်ကို ရှင်းလင်း ပါသည်။
အဲဒီနောက် သမားတော် ဒေါက်တာ ဇော်မိုးရှိန်က လူတုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး ရောဂါဖြစ်ပွားရသည့်အကြောင်း၊ရောဂါလက္ခ
ဏာများအကြောင်း ရှင်းလင်းသည်။ ဆက်လက်ပြီး ကျန်းမာရေးဌာနမှ ဦးခင်မောင်ကျော်က ဆောင်ရွက်မည့်စီမံချက်ကိုရှင်းလင်း ခဲ့ပါတယ်။
မောင်ဆွေငြိမ်း
0 comments:
Post a Comment