ညီညွတ်စို့
ပင်လုံအသိ တို့တွေရှိ၍
အတိရင်မှာ စည်းလုံးစွာနှင့်
ခိုင်မာလက်တွဲ ညီနောင်ဇွဲဖြင့်
မြဲမြဲရှေ့သို့ ချီတက်စို့ဟု
တို့များကျူးရင့်လိုက်ချင်သည်။
တိုင်းရင်းသားစုံ မြန်မာ့ဘုံမှာ
စိတ်လုံငြိမ်းချမ်း အနာငတ်လမ်းထက်
လှမ်းတက်ခေတ်မီ နိုင်ငံဆီသို့
မြန်းချီကြိုးစား လူထုအားဖြင့်
တို့များလျှောက်လှမ်းလိုက်ချင်သည်။
ပြောချင်ဆန္ဒ တင်ပြရပြီ
ပြုချင်ဆန္ဒ တင်ပြခဲ့ပြီ
ကဗျာဆီက စုစည်းညီညာ
တိုင်းပြည်သာဖို့ ...........
တို့တွေညီညွတ်ကြပါစို့။
စိုင်းမြင့်ဝင်းလှ (ရှမ်းအရှေ့)
စေတနာမွန်ဖြင့် (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အားဂုဏ်ပြုစပ်ဆိုပါသည်။
၂၀၁၁ခု ဖေဖော်ဝါရီလထုတ် မျိုးမြန်မာစာစောင်တွင် ဖော်ပြပါရှိပြီးဖြစ်ပါသည်။

0 comments:
Post a Comment