တိုက်ဖျက်စို့
လာအိုမြန်မာ ထိုင်းနယ်လာဆုံ
ညိုပြာတောတန်း ဟိုဒီမှန်းဆ
ကိုယ်တမ်းတသည် အရှေ့ဆီက
တာချီလိတ်ခေါ် ရွှေမြို့တော်ကို
ရမ်းရော်တွေးနေ အတိတ်မြေသို့
ပြန်ပြောင်းတွေးမြင်မိလေသည်။
ဟိုယခင်က ဒီဒေသမှာ
ဘိန်းမှရစေ ဘိန်းမဲတွေနှင့်
ဘိန်းလေပွေရိုင်း ဘိန်းမှောင်လှိုင်းကြား
နေစဉ်မျောနေ တိုင်းရင်းဆွေတို့
ပျက်ကြေမြေခခဲ့ကြသည်။
ထိုအချိန်၌ ..........
တပ်နှင့်ပြည်သူ ၀ိုင်းကာကူညီ
ဘိန်းသူရန်ဆိုး တိုက်ဖျက်ကြိုးစား
လှုပ်နှိုးစည်းရုံး ဖယ်ရှားဆုံးထိ
အမုန်းမီးလျှံ စုစည်းမာန်နှင့်
တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။
ဟိုယခင်က ဒီဒေသမှာ
ရာဘဆေးပြား ကာလသားတို့
လားလားမခင် မတွေ့မြင်ဘူး
စိတ်ထင်နှင့်သာမူးခဲ့သည်။
အတိတ်ဆယ်စု ကိုးဆယ်ခုကျော်
ဝင်လာရာဘ ဆေးပြားစတင်
သုံးကြပြန်စဉ် စိတ်ဘ၀င်၌
စွဲမက်စိတ်ပြောင်း သူအပေါင်းသည်
ထပ်လောင်းမူးယစ်ခဲ့ပြန်သည်။
နှစ်ထောင်ကျော်လာ ခြောက်ခုပါလွန်
ချိန်ခါခုနှစ် ကာလသစ်မှာ
တပ်နှင့်ပြည်သူ ရဲပါကူလို့
စုယူပေါင်းစည်း မူးယစ်မီးကို
အနီးပူးကပ် နိုင်အောင်သတ်ဖို့
စုပေါင်းတိုက်ဖျက်ကြပါစို့။
မြတ်မျိုးမြင့်မာန်
၂၀၀၆ခု အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှုပပျောက်ရေးနေ့မြို့နယ်အဆင့်
ကဗျာပြိုင်ပွဲ ဆုရကဗျာဖြစ်ပါသည်။
ရှောင်ရှားဖွယ် မူးယစ်ဆေးဝါးဆိုင်ရာ ဓာတ်ပုံများ
(အင်တာနက်ဝက်ဘ်ဆိုက်များမှ ကူးယူဖေါ်ပြပေးခြင်းဖြစ်ပါသည်)
လူငယ်များ ကောင်းကျိုးမပေးသည့် မူးယစ်ဆေးဝါးကို လုံးဝရှောင်ရှားနိုင်ကြပါစေ။













0 comments:
Post a Comment