သူ့စိတ်လိုဆိုး ကိုယ့်နှိမ်ချိုးလည်း
မုန်းငြိုးမကွက် ရှုံးမတွက်သာ။
ကိုယ့်စိတ်လိုဆိုး သူ့နှိမ်ချိုးမှ
ကောင်းကျိုးမဖက် ရှုံးရချက်နာ။
တစ်သက်တာဘ၀ စိတ်နေလှလျှင်
လောကအားလုံး နှစ်လိုပြုံးလိမ့်။
အမုန်းမိုးခါး မြစ်ပယ်တားကာ
တရားနှလုံး မြဲကျင့်သုံးမှ
အရှုံးလောကဓံ ပြုံးပန်းပန်ဖို့
တွန်းလှန်ပယ်ရှားနိုင်လိမ့်တကား။
စိုင်းမောင်(တောင်ကြီး)
0 comments:
Post a Comment