(၉.၁.၁၄) ယနေ့နံနက် (၉း၀၀)နာရီတွင် တာချီလိတ်မြို့နယ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို
အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများခရိုင်/မြို့နယ် အမျိုးသမီးရေးအဖွဲ့နှင့်
မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဌများနှင့် အသင်းဝင်များ၊မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှ ၊လက်ထောက်မြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှနှင့်ထက်လယ်မူကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ကျောင်းအကျိုးဆောင်အဖွဲ့များနှင့်မိဘများဆုရကျောင်းသားကျောင်းသူများ၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်းဥက္ကဌဦးထိန်မင်းမဇ္ဈျိမလူမှုကူညီရေးအသင်းဥက္ကဌဦးတင့်ဆွေ
နှင့်လူမှုရေးအဖွဲ့အစည်းများ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်
ပညာရေးမှူးဦးစိန်ထွန်းလှမှ ပညာရေးစုံညီပွဲတော်ဆိုင်ရာ ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ
ပေးအပ်ပါသည်။
ယနေ့ကျင်းပသော ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် တစ်နှစ်တာ ပညာရေးဆိုင်ရာ
ထူးချွန်သော ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများအား ဆုပေါင်း (၅၄)ဆုအား
အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
ဆုချီးမြှင့်ခြင်းနှင့်အတူ မြို့နယ်အတွင်းရှိ ထက်လယ်မူ ကျောင်းအသီးသီးမှ အဆိုအက
အလှ၊ တေးသရုပ်ဖော်များ၊အငြိမ့်များဖြင့် ဖျော်ဖြေခဲ့ကြောင်းသိရှိရပါသည်။
သတင်း/ဓာတ်ပုံ - မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment