၁၈.၁၀.၂၀၁၄ ရက်နေ့ နံနက်(၉)နာရီတွင် တာချီလိတ်မြို့ အထက-တာချီလိတ်ခန်းမတွင်
အမျိုးပညာရေး ဥပဒေ မြို့နယ်အဆင့် ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး
ီဦးထွန်းထွန်းဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ
ဦးစိုင်းကျော်ဇံ၊မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်ပညာရေးမှူး
ဦးစိန်ထွန်းလှ နှင့် ဒုတိယမြို့နယ်ပညာရေးမှူး လက်ထောက်မြို့နယ်ပညာရေးမှူးများ၊ နယ်မြေမှူး
အုပ်စုမှူး အထက်တန်း အလယ်တန်း မူလတန်းကျောင်းအုပ်ကြီးများ၊ဖိတ်ကြားထားသော အဖွဲ့အစည်း
များနှင့်ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး
မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှနှင့် ဒုမြို့နယ်ပညာရေးမှူး၊လက်ထောက်မြို့နယ်ပညာရေးမှူး
များက အမျိုးသားပညာရေးဥပဒေအား အခန်းအလိုက် ရှင်းလင်းပြောကြားခဲ့ပါသည်။
အခမ်းအနားပထမပိုင်းကို မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှ ရှင်းလင်းအပြီးတွင် ခေတ္တရပ်နားပြီး
ဒုတိယပိုင်း ကို ဆက်လက်ကျင်းပ၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။
အခမ်းအနားတက်ရောက်ခြင်းနှင့်အတူ ပထမပိုင်းအပြီး ဆွေးနွေးပွဲခေတ္တရပ်နားချိန်တွင် မြို့နယ်အုပ်ချုပ်
ရေးမှူးဦးထွန်းထွန်းဝင်းသည် အခမ်းအနားသို့တက်ရောက်လာသော တာဝန်ရှိသူများနှင့်အတူ
အထက -တာချီလိတ်ကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိသော ကင်းထောက်သင်တန်းအား ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့အပြင် အထက တာချီလိတ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသော သဘာဝဘေးဒဏ်ခုခံဖို့ သက်ကြီးများနှင့်လက်တွဲစို့ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်နေကြသော ကျောင်းသားကျောင်းသူများအား အားပေးကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
သတင်းဓာတ်ပုံ -မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment