(၂၃.၁၀.၁၄) နံနက်ပိုင်း ၉နာရီခွဲတွင် တာချီလိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ
ခရိုင်မန်နေဂျာ ဦးမျိုးမင်းသိန်း ဦးဆောင်သော ဘဏ်မိသားစုများသည်
အလုပ်ပိတ်ရက်တွင် ဝှေလေလန်(မူလွန်)ကျောင်းသားကျောင်းသူ(၃၁၃)ဦးအား
ပဲနို့ရည်နှင့် မုန့်များကို အာဟာရဒါန လာရောက်တိုက်ကျွေးခဲ့ပါသည်။
ခရိုင်မန်နေဂျာ ဦးမျိုးမင်းသိန်း ဦးဆောင်သော ဘဏ်မိသားစုများသည်
အလုပ်ပိတ်ရက်တွင် ဝှေလေလန်(မူလွန်)ကျောင်းသားကျောင်းသူ(၃၁၃)ဦးအား
ပဲနို့ရည်နှင့် မုန့်များကို အာဟာရဒါန လာရောက်တိုက်ကျွေးခဲ့ပါသည်။
ကျောင်းအုပ်ဆရာကြီးဦးမြင့်ဝင်းလှနှင့်ဆရာဆရာမများ၊ကျောင်းအကျိုးဆောင်ဥက္ကဌဒေါ်နန်းကျန်တီး
ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ကျောင်းသားကျောင်းသူများက လှိုက်လှဲစွာ ကြိုဆို ခဲ့ကြပါသည်။
ကျောင်းမှအခမ်းအနားဖြင့် အကများဖြင့် ဖျော်ဖြေခဲ့ပြီး ယခုရက်သတ္တပတ်အတွင်း
ပဉ္စမတန်းကျောင်းသားသူများမှ အလွတ်တန်း ပန်းချီပြိုင်ပွဲ ဆုရ
ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့်ကျောင်းအုပ်ဆရာကြီး
ဦးမြင့်ဝင်းလှက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းတို့ကို
အခမ်းအနားတွင် ဆောင်ရွက်ခဲ့ကြပါသည်။

ကျောင်းရှိ ကျောင်းသားကျောင်းသူများ ပီတိနှင့်ပျော်ရွှင်မှုကို ရရှိခဲ့ကြောင်းနှင့်
ကျောင်းရှိကျောင်းသားကျောင်းသူများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံများ
ရိုက်ကူးခဲ့ကြောင်းသိရှိရပါသည်။
ယခုကဲ့သို့ ခရိုင်အဆင့် ဌာနကြီးတစ်ခုအနေဖြင့် ဝှေလေလန်မူလွန်သို့
လာရောက်လှူဒါန်းခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်း - မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment