Thursday, 26 June 2014



မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတာချီလိတ်၌ကျင်းပ
တာချီလိတ် ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့အခမ်း
အနားကို ဇွန် ၂၆ ရက်နံနက် ၉ နာရီ ကတာချီလိတ်မြို့အောင်မြတ်ခန်းမတွင် ပြုလုပ်သည်။အခမ်းအနားတွင်
တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရယ်တားဆီးကာကွယ်ရေးအဖွဲ့




ဥက္ကဋ္ဌကိုယ်စား ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူးဦးကျော်စွာလွင်ကအမှာစကားပြောကြားသည်။ယင်းနောက်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော ဆေးဝါးမားအန္တရယ်တားဆီးကာကွယ်ရေး(ဗဟို)အဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီ ကိုကိုထံမှ ပေးပို့သောသ၀ဏ်လွှာအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း ကဖတ်ကြားသည်။ ဆက်လက်ပြီး ခရိုင်ဥပဒေအရာရှိ ဦးသန်းထွန်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်ဥပဒေပိုင်းဆိုင်ရာများကိုလည်းကောင်း၊ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကံဦးအောင်က    မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများနှင့် မူးယစ်ဆေးစွဲရောဂါများ အကြောင်းကိုလည်းကောင်း ရှင်းလင်းဟောပြော  သည်။ ထို့နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  ပန်းချီ၊ကာတွန်း၊ ပိုစတာ၊   စာစီစာကုံးနှင့်ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင်   ဆုရရှိသူကျောင်းသားကျောင်းသူများအား  တာဝန် ရှိသူများက ဆုများ ချီးမြှင့်ပြီး မူးယစ်ဆေးဝါးအမြောက်အများ ဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ် များပေးအပ်ကြောင်းသိရှိရသည်။

                                                                             ခရိုင်ပြန်/ဆက်

0 comments:

Post a Comment