Sunday, 30 March 2014

တာချီလိတ်၌ ၂၀၁၄ခုနှစ်ပြည်လုံးကျွတ်သန်းခေါင်စာရင်းစတင်ကောက်ယူ UNFPA မှလာရောက်လေ့လာ





တာချီလိတ် မတ် ၃၀

          တာချီလိတ်မြို့နယ်တွင် ၂၀၁၄ခုနှစ်၊ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့ မတ် ၃၀ရက်နံနက် ၇ နာရီမှ စတင်ကောက်ယူလျက်ရှိသည်။ နံနက် ၁၀ နာရီတွင် UNFPA မှ နိုင်ငံတကာ လေ့လာသူ DE BRUIJN BART JAN နှင့်ပြည်တွင်းလေ့လာသူ ဒေါ်သီတာဦးတို့သည် ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီကြီးကြပ်မှုရုံးသို့ ရောက်ရှိလာရာ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာဒိုတယညွန်ကြားရေးမှူး ဦးကျော်စွာလွင်က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။      ယင်းနောက်အဆိုပါ
လေ့ လာသူနှစ်ဦးသည် မကာဟိုခမ်းရပ်ကွက် ကောက်ကွက်အမှတ်(၃)၊ဟောင်လိတ်ကျေးရွာအုပ်စု ကောက်
ကွက်အမှတ်(၁၃)နှင့်ကောက်ကွက်အမှတ်(၁၂)တို့တွင် သန်းခေါင်စာရင်းကောက်ယူနေမှုကို      လေ့လာကြ
သည်။  လေ့လာခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာလေ့လာသူ DE  BRUIJN  BART JAN က    “မိမိတို့သည်
သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်ပြီး   မည့်သည့်အကြောင်းအရာမှ   မေးမြန်းမှာမဟုတ်ကြောင်း၊
သန်းခေါင်စာရင်းကောက်ယူခြင်းသည် လျှို့ဝှက်ကိစ္စဖြစ်သည့်အတွက်   လေ့လာယုံသက်သက်ဖြစ်ကြောင်း”
ပြောကြားသည်။ ယင်းတို့သည် တာချီလိတ်မြို့ပေါ် ၌ မကာဟိုခမ်းရပ်ကွက်နှင့်ဟောင်လိတ်ရပ်ကွက် တို့ တွင် လေ့လာပြီး မတ် ၃၁ ရက်နေ့တွင် ဖန်မင်ကျေးရွာနှင့် တာလေမြို့နယ်ခွဲတို့တွင် ဆက်လက် သွားရောက်လေ့လာမည်ဖြစ်သည်။  တာချီလိတ်ခရိုင်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၆)ခု၊ ကျေးရွာ(၃၂၅)ရွာနှင့်အိမ်ထောင်စု(၂၉၃၇၅)စု၊လူဦးရေ (၁၄၄၅၁၇)တို့ကို အခြေခံပြီး တာချီလိတ်မြို့တွင်  ကောက်ကွက်(၁၈၀)ခု၊တာလေမြို့နယ်ခွဲတွင် ကောက်ကွက် (၃၂)ခု၊ ကျိုင်းလပ်မြို့နယ်ခွဲတွင် ကောက် ကွက်(၁၆)ခု၊အဖွဲ့အစည်းကောက်ကွက်(၉)ခု၊စုစုပေါင်းကောက်ကွက်(၂၃၇)ခုဖြင့်  ဧပြီ၁၀ရက်နေ့ထိ   နေ့စဉ်
ညနေ(၆)နာရီိထိကောက်ယူမည်ကြောင်းသိရှိရသည်။

                                                                                      ခရိုင်ပြန်/ဆက်

0 comments:

Post a Comment