Friday, 28 February 2014

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တာချီလိတ်မြို့ မြို့ပတ်လမ်းဖောက်လုပ်ရေး တာချီလိတ်မြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

                                             တာချီလိတ် ဖေဖော်ဝါရီ ၂၈

      ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း သည်  ဖေဖော်ဝါရီ  ၂၈ ရက် နံနက် ၉ နာရီက  တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန        အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ ၊မြို့နယ် စည်ပင်သာယာ ရေးကော်မတီအဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဟောင်လိတ်ကျေးရွာအုပ်စု မှ တိုင်းရင်းသားများနှင့်တွေ့ဆုံပြီး မြို့ပတ်လမ်းဖောက်လုပ်ရေးကိစ္စ တွေ့ဆုံညှိနှိုင်းဆွေးနွေးသည်။ တွေ့ဆုံ ပွဲ တွင်ပြည်နယ်ဝန်ကြီးကဆွေးနွေးရာ၌ တာချီလိတ်မြို့အနေဖြင့် ဗိုလ်ချုပ်လမ်းမကြီးတစ်ခုသာသွားလာနေရ သဖြင့်ယာဉ်ကြောပိတ်ဆို့မှုတွေများလာကြောင်း၊ယာဉ်ကြောပိတ်ဆို့မှုကြောင့်အချိန်မီသွားလာရမည့်ကိစ္စတွေ ကြံ့ကြာမှုတွေရှိကြောင်း၊ဒါကြောင့်မြို့ပတ်လမ်းတစ်ခုဖောက်လုပ်ရန်လိုအပ်လာပြီဖြစ်ကြောင်း၊ မြို့ပတ်လမ်း ဖောက် လုပ်ခြင်းဖြင့် ကောင်းကျိုး၊ဆိုးကျိုးများရှိမှာဖြစ်ကြောင်း၊ ကောင်းကျိုးကတော့ ယာဉ်ကြောပိတ်ဆို့မှုနည်းပါးလာသဖြင့်ကျောင်းသားများကျောင်းသွား၊ကျောင်းပြန်မြန်ဆန်လွယ်ကူခြင်း၊လူနာများအချိန်မီ ဆေးရုံ ဆေးခန်းသို့ပို့ဆောင်နိုင်ခြင်း၊ယာဉ်အန္တရာယ်လျော့ပါးလာခြင်းကြောင့်ထိခိုက်၊ သေဆုံးမှုနည်းလာခြင်းစသည် တို့ဖြစ်ကြောင်း၊ဆိုးကျိုးကတော့ မြို့ပတ်လမ်းဖောက်လုပ်ခြင်းကြောင့် လူနေအိမ်တွေ၊လယ်မြေ၊ယာမြေ၊ခြံမြေ တွေမလွတ်ကင်းသည့်နေရာများ ဖယ်ရှားပေးရမှာဖြစ်ကြောင်း၊ပြည်သူများအနေဖြင့် မြို့ပတ်လမ်းဖောက်လုပ် ရေးအတွက် ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း ပြောကြားသည်။ယင်းနောက် ပြည်နယ်ဒုတိယအုပ် ချုပ်ရေးမှူး ဦးတင်မောင်ဆွေက မြို့ပတ်လမ်းဖောက်လုပ်ရေးနှင့်သက်ပြီး ရှင်းလင်းဆွေးနွေးပြီး၊ခရိုင်အုပ်ချုပ် ရေးမှူး ဦးသောင်းတင်ထွေးက မဏာမတိုင်းတာစဉ်က လမ်းနှင့်မလွတ်သည့် အိမ်၊လယ်မြေ၊ခြံမြေတည်နေရာ များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသူများက မရှင်းလင်းသည့်အချက်များ၊လမ်းအူ ကြောင်းဆွဲထားခြင်းနှင့်ပတ်သက်ပြီး အကြံပြုတင်ပြကြသည်။တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက ပြန် လည်ရှင်းလင်းပြီး မြို့ပတ်လမ်းဖောက်လုပ်မည့် လမ်းကြောင်းအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
                                           
                                                      ခရိုင်ပြန်/ဆက်

0 comments:

Post a Comment