Wednesday, 20 November 2013

အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနေ့ တာချီလိတ်တွင်ကျင်းပ






အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနေ့ တာချီလိတ်တွင်ကျင်းပ
တာချီလိတ် နိုဝင်ဘာ ၂၁
(၂၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနေ့  အခမ်းအနား ကို နိုဝင်ဘာ ၂၀ ရက်နံနက် ၉ နာရီ ကတာချီလိတ်မြို့၊ ဟုတ်တက်တရုတ်ဘုံကျောင်းတွင်ကျင်းပပြုလုပ်သည်။  အခမ်းအနားတွင် ခရိုင်ကလေးသူငယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်းတို့က အမှာစကားပြောကြား သည်။ ယင်းနောက် တာလေမြို့နယ်ခွဲ နားအွန်မူလတန်းကျောင်းနှင့်တာလေမြို့အခြေခံပညာအထက်တန်း ကျောင်းသားကျောင်းသူလေးများက လူကုန်ကူးမှုတားဆီးကာကွယ်ရေးပညာပေးတစ်ခန်းရပ်ပြဇာတ်တို့ဖြင့် ဖျော်ဖြေတင်ဆက်သည်။ဆက်လက်ပြီး အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ နှင့် မူလတန်း အဆင့် ရောင်စုံပန်းခင်း ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပသည်။ ယင်းနောက် ဆုရရှိ သူများအားဆုများချီးမြှင့်ရာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ကျပန်းစကားပြောပြိုင်ပွဲနှင့်ကြိုတင်ကျင်းပခဲ့သော ကဗျာ စပ်ဆိုပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား တာဝန် ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ ကြောင်းသိရှိရသည်။


                                                                             ခရိုင်ပြန်/ဆက်

0 comments:

Post a Comment