ရှမ်းပြည်နယ်ဝန်ကြီးချုပ်တာချီလိတ်မြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံ
တာချီလိတ် သြဂုတ် ၁၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်သည်
ပြည်နယ်ဝန်ကြီးများနှင့်အတူ သြဂုတ် ၁၇ ရက် နံနက် ၁၁ နာရီက တာချီလိတ်မြို့သို့ရောက်ရှိပြီး အောင်မြတ်ခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ
များ၊ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ခရိုင်/မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ
ဝင်များလူမှုရေးအသင်းအဖွဲ့များ၊နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသား
ပြည်သူ များ နှင့်တွေ့ဆုံပြီး နိုင်ငံတော်သမ္မ၏လမ်းညွှန်မှာကြားချက်များကို ရှင်းလင်း
ပြောကြား သည်။ ယင်းသို့ ပြာကြားရာ တွင် ကျန်လ(၃၀)တွင်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်(၇)ရပ်ဖြစ်သော
လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေး၊ အလုပ်အကိုင်ရရှိရေး၊ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်
ရေး၊ ငွေရေးကြေးရေးကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး
ဦးခွန်သိန်းမောင် က အခွန်ဆိုင်ရာကိစ္စများကို လည်းကောင်း၊စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး
ဦးစိုင်းဆာလူ က စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးကိစ္စများကိုလည်းကောင်း၊ပြည်နယ်ဥပဒေချုပ်
ဦးမောင်မောင်က ဥပဒေဆိုင်ရာများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးရဲနိုင်အောင်က
အုပ်ချုပ်ရေးဆိုင်ရာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အုပ် ချုပ်ရေးတွင် အကြီးအကဲနှင့်အဖွဲ့ဝင်များ
အရည်အချင်းတိုးတက်မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ကောင်း ရှင်းလင်းပြောကြားကြသည်။ယင်းနောက်
ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို
ရှင်းလင်းတင်ပြသည်။ထို့နောက် တက်ရောက် လာသူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာဌာနများက
ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်နယ် ၀န်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားကြောင်းသိရှိရသည်။
0 comments:
Post a Comment