Wednesday 7 August 2013

တာချီလိတ်မြို့နယ်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပ


 
  တာချီလိတ်မြို့နယ်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို
 (၇.၈.၂၀၁၃) ရက်နေ့နံနက်၉နာရီတွင် တာချီလိတ်မြို့နယ် အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဗိုလ်လုပွဲတွင် အထက မိုင်းကိုးအသင်းနှင့် မူလွန်ရန်အောင်မြေအသင်းတို့ ယှဉ်ပြိုင်ကြပြီး အထက -မိုင်းကိုးအသင်းက ၄ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပထမဆုရရှိသော မိုင်းကိုးအထကအသင်းနှင့်ကျောင်းအားမြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှကဆုချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆုရရှိသောအသင်းအား မြို့နယ်အားကာ ဦးစီးအရာရှိမှ ဆုချီးမြှင့်ခဲ့ပါသည်။



အဆိုပါဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်း၊ မိဘပြည်သူများ
နှင့် ဌာနဆိုင်ရာများက ကူညီပံ့ပိုးခဲ့ပါသည်။







အလားတူ အသက်(၁၆)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲများကို သြဂုတ်လ ၂၆ ရက်နေ့တွင်စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


                                                 သတင်းရေးသားတင်ပြသူ -   မြတ်မျိုးမြင့်မာန်

0 comments:

Post a Comment