အခုတလော ည အကြောင်းစဉ်းစားနေမိတယ်
အိပ်မပျော်တဲ့ညတွေလဲများနေခဲ့တာ
မနက်ကျရင်လဲလုပ်စရာအလုပ်တွေကလဲ ရှိနေပြန်
အိပ်လို့ကလဲမရ
ဒါနဲ့ပဲ မဲမှောင်နေတဲ့ ညကိုစောင်ပေပေလှမ်းကြည့်မိပြီးေ
ဟုတ်ပြီ စကြရအောင်
ည ရဲ့သင်္ကေတကဘာလဲ
ထင်ရှားတာကတော့ ည=အမှောင်ပေါ့၊
နောက်တောက်တောက်အစ်ကိုကြီးများက
ည= ဟ၀ှာပြုလို့ရသောအချိန် ဆိုပြီးအနက်ဖွင့်ပါတယ်၊
ထားပါ ၊ဟုတ်တယ်ပဲထားပါ၊ နောက် ထပ်ဖွင့်နိုင်တဲ့အနက်ရှိသေးလားေ
ရှိပါတယ်၊ တိတ်ဆိတ်ခြင်း၊ အေးမြခြင်း တို့ပါ၊ အနားယူရမဲ့အချိန်ပေါ့၊
အေးဗျာ၊ သိပ်ကောင်းတယ်ဗျာ၊ လောကကြီးရဲ့ သဘောတူညီချက်အရ အားလုံးနားစေ
သတည်း ဆိုတဲ့ အချိန်ဗျာ၊ မနက်ကောင်းကောင်းအလုပ်လုပ်ဖို့န
အဲဒီအခါမှာမှ မအိပ်ဘဲနေရင်ရော...၊ရပါတယ် မအိပ်ချင်လဲမအိပ်နဲ့ပေါ့၊ဘာလုပ်
တရားအားထုတ်ကြမယ် တဲ့၊ ရပါတယ် ဒါကတော့ကောင်းပြီးသားဆိုတော့အထူ
နောက်တစ်ခုကတော့ တွေးဖို့ပါ၊ အေးကလဲအေး၊တိတ်ကလဲတိတ်ဆိတ်နေတဲ့
တွေးလို့အကောင်းပဲပေါ့၊ ထွက်လာပါလိမ့်မယ်။တောင်တောင်အီအ
တယ်ဆိုရင်လဲ ရေးလို့ကောင်းတဲ့အချိန်၊ နောက်ပြီးတော်ရုံတန်ရုံ လာနှောက်ယှက်လို့မရ
ဘူးလေ၊ လွတ်လပ်တဲ့အချိန်ပေါ့ဗျာ၊ကိုယ့်
ပြင်စရာရှိတဲ့ တိုလီမိုလီအစုတ်တွေကို ခေါင်းအေးအေးထားပြီး၊တူတွေပလာယာ
ထိုင်ကလိလို့ရတယ်ဗျာ၊
ဒါမှမဟုတ် မိုးပေါ်မော့ကြည့်မလား၊ သိပ်လှတဲ့မြင်ကွင်းကိုတွေ့ရမယ်၊
ကြယ် လ အစုံ မြင်နိုင်သမျှကိုတွေ့ရမယ်၊ အဲဒီအပေါ်မှာလဲ တွေးလို့ရနိုင်တာတွေရှိမယ်၊
နောက်ပြီးတော့ နေ့မှာမကြားရတဲ့ အသံလေးတွေကိုကြားရမယ်၊ ညငှက်တွေရဲ့အသံတွေ၊သစ်ကိုင်း
လေတိုးသံတွေ၊ ပုဇဉ်းရင်ကွဲသံတွေကအစ နားစိုက်နိုင်သမျှအသံညက်ညက်လေးေ
ကြားရမယ်၊ဒါ့အပြင် လေတိုက်တာ ၊ အဲဒါလဲဇိမ်ပဲ၊ လေအေးအေးလေးတွေ တိုက်လိမ့်မယ်၊
ဖြတ်ကနဲဖြတ်ကနဲ စိမ့်စိမ့်လေးတွေတိုက်လိမ့်မယ် စသဖြင့်ဗျာ၊ အရသာတော်တော်ရှိတာတွေကို
ညဆိုတဲ့ အခါမှာရနိုင်ပါတယ်၊ ဆိုပါစို့ အမှောင်ဆိုတဲ့အချိန်ထဲက ကောင်းတာလေးတွေ
တော်တော်များများကိုရနိုင်ပါတယ်
ဒီတော့ကာ သိပ်ပြီးအဓိပါယ်တွေပြည့်နှက်နေတ
အကုန်ခံလိုက်ကြမှာလား၊ ယူကြည့်ကြရအောင် ၊မတူနိုင်တဲ့ရလဒ်တွေပေးနေတဲ့ ညအခါကို
ရသလောက်ယူလိုက်ကြရအောင်
နေ့အခါမှာငိုက်လာရင်တော့လဲ အသာလေးခိုးအိပ်ရအောင်လား.....။
ကိုထိန်(တာချီလိတ်)
0 comments:
Post a Comment