Wednesday 10 July 2013

သူငယ်ချင်း
ကြည့်လေ

ဒို့အနီးအနားကသူတွေ...

ကတိပေးလွယ်တယ်
ကတိပျက်ဖို့လဲလွယ်တယ်
ဝေလေလေများတယ်၊
ဟန်ရေးပြတဲ့သူများတယ်
ပြေးရင်းကြွက်တက်တဲ့သူများတယ်
နဲနဲလုပ် များများလိုချင်တယ်
အလုပ်လုပ်နေရင်း
ခေါင်းကိုက်တဲ့သူ၊ဗိုက်နာတဲ့သူများတယ်
သရဲယုံတဲ့သူများတယ်
ကောလဟလယုံတယ်
ဟိုဟာပျောက် ဒီဟာပျောက် ခဏခဏဖြစ်တယ်
အတုလုပ်တာကျွမ်းတယ်
ပြသဒါးကြောက်သူများတယ်
မျက်နှာနီလွယ်တယ်
စိတ်ကောက်လွယ်တယ်
စိတ်ပြေလွယ်တယ်
ဒုတ်ဆွဲဓားဆွဲလွယ်တယ်
ကိုရီးယားကားကြိုက်သူများတယ်
အလွမ်းကားပြနေရင်ငိုတတ်တယ်
ကြော်ငာကားထဲကအတိုင်းလိုက်လုပ်တတ်တယ်
ပိုက်ဆံချေးလွယ်တယ်
လေးခွကိုအားကိုးတယ်
မြန်မြန်ဆုံးဖြတ်၊ မြန်မြန်လုပ်၊ မြန်မြန်ပျက်တာနဲ့ယဉ်ပါးနေတယ်
ရထားနောက်ကျလဲခွင့်လွှတ်တတ်တယ်
စောစောအိပ် နောက်ကျထတတ်တယ်
ဘာစီလိုနာကြိုက်သူများတယ်
ကြိုတင်မေးခွန်းလိုက်တတ်တယ်
ဆားမငံအောင်မချက်တတ်ပေမဲ့
ယောင်္ကျားပြန်လာခါနီး အလှပြင်တတ်တယ်
ဗေဒင်ကိန်းခန်းအရ ခေါင်းအုံးအောက်
သပြေပန်းထည့်ထားတတ်တယ်
ငလျင်လှုပ်မှာကိုကြိုသိတတ်တယ်
ရတာထက်ပိုသုံးတတ်တယ်
သားရဲ့ကျောင်းက ဆရာမကိုဖားတတ်တယ်
ဟုတ်ဟုတ် မဟုတ်ဟုတ် ခေါင်းငြိမ့်တတ်တယ်
စည်းဝေးခန်းမတွေမှာငြိမ်နေသလောက
အုံနဲ့ကျင်းနဲ့ဆို အသံကျယ်တတ်တယ်
သက်ြန်မှာကောင်းကောင်းမူးတယ်
နိုင်ငံခြားမှာပုဂံဆေးရတာပျော်တယ်
၁၅ ရက်တစ်ခါထီထိုးတတ်တယ်

အကျွမ်းကျင်ဆုံးကတော့
တလွဲဆံပင်ကောင်းတတ်တယ်.......။

(မင်းအေးငြိမ်းဈေ)

0 comments:

Post a Comment