Thursday, 9 May 2013

တာလေမြို့နယ် သီရိ-ပူဟိုမိန်း ကျေးလက်ဖွံ့ဖြိုးရေး ကွန်ကရစ်လမ်း ခင်း






တာချီလိတ် မေ ၉

          သီရိ-ပူဟိုမိန်း ကျေးလက်လမ်းသည် တာလေမြို့နယ်တွင်တည်ရှိပြီး ၂၀၁၁ခုနှစ် ငလျင်လှုပ်ခတ်စဉ်က ထင်ရှားခဲ့သော ကျကူနီကျေးရွာ သွားလမ်းပေါ်တွင်တည်ရှိသည်။ ယခုအဆိုပါလမ်းအား  ဂရုဏာကျိုင်းတုံ လူမှုမြှင့်တင်ရေးအဖွဲ့၏ အဓိက ပံ့ပိုးမှုဖြင့် မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်လျက်ရှိသည်။ သီရိရွာမှ ပူဟိုမိန်းရွာအထိ လမ်းအရှည်မှာ (၂၇၅၆၀)ပေရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၃ခုနှစ် မတ်လမှ စတင်ဆောင်ရွက်ခဲ့သည်။ ယခု ပေ (၉၀၀၀)ကျော်လမ်းအချောပြီးစီးနေပြီဖြစ်သည်။
          ယခင်က လမ်းမှာ ရွှံ့နွံထူထပ်ခြင်း၊အတက်အဆင်းအကွေ့ကောက်များခြင်းတို့ကြောင့် မိုးရာသီတွင် အဆိုပါလမ်း တစ်လျှောက်ရှိ သီရိ(၁)၊သီိရိ(၂)၊ ပါနော့ရွာသစ်၊ ပါနော့ရွာဟောင်း၊ အောင်လှိုင်သင်း၊ လော်ခါး၊ ပူဟိုလျှံ၊ ပူဟိုမိန်းစသည့်ကျေးရွာများမှတိုင်းရင်းသားများသည် ခြေလျင်ခရီးဖြင့်သာ သွားလာနိုင်သဖြင့်  ကျန်းမာရေး၊လူမှုရေး စသည့်အရေးပေါ်ကိစ္စများတွင် အခက်အခဲများစွာ ကြုံတွေ့ခံစားခဲ့ရသည်။ ကွန်ကရစ်လမ်းသစ်ကြီးပြီးစီးသွားပါက ရာသီမရွေး အချိန်တိုတိုဖြင့်လွယ်ကူစွာသွားလာနိုင်တော့မည်ဖြစ်သည်။ အဆိုပါလမ်းအတွက်ကုန်ကျငွေစုစုပေါင်းမှာ ငွေကျပ်သိန်းသုံးထောင်ကျော်ကုန်ကျမည်ဟုသိရှိရသည်။ အဆိုပါလမ်းခင်းခြင်းနှင့်ပတ်သက်ပြီး   ဒေသခံပြည်သူတစ်ဦးက        ကျွန်တော်တို့တောင်ပေါ်တိုင်းရင်းသားတွေရဲ့
အဓိကအခက်အခဲကတော့လမ်းပန်းဆက်သွယ်ရေးပဲဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေကောင်းလာရင် ဒေသထွက်ကုန်တွေမြို့ပေါ်သို့အလွယ်တကူပို့ဆောင်နိုင်မှာဖြစ်လို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်  လူငယ်တွေရဲ့ ပညာရေး၊ကျန်းမာရေးတွေလည်း တိုးတက်လာမှာဖြစ်ကြောင်း ပူဟိုမိန်းကျေးရွာမှ ဒေသခံပြည်သူတစ်ဦး၏ ရင်ဖွင့်စကား ကြားခဲ့ရပါသည်။

0 comments:

Post a Comment