တာချီလိတ် မေ ၆
တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်သည့်အားလျော်စွာ
အမျိုးသမီးငယ်များ ဘ၀ဖွံ့တိုးတက် ရေးနှင့်ရပ်တည်နိုင်ရေးသည် အရေးကြီးသောအခြေခံလိုအပ်ချက်ဖြစ်သည်။
ထို့ကြောင့်အမျိုးသမီးငယ်များ မိမိဘ၀ကို ကိုယ်ပိုင်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့်အမျိုးသမီးအိမ်တွင်းမှု
သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများဖွင့်လှစ်ပြီး အိမ်တွင်းမှုလုပ်ငန်းနှင့်စက်ချုပ်ပညာများ
သင်ကြားပေးလျက် ရှိသည်။ တာချီလိတ်မြိုတွင်
မေ ၆ ရက် နံနက် ၈ နာရီက မယ်ခေါင်ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတွင်အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၆၄)နှင့်အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၃၄)သင်တန်းဖွင့်လှစ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးဦးသောင်းတင်ထွေးကသင်တန်းဖွင့် အမှာ
စကားပြောကြားပြီး
သင်တန်း သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါသင်တန်းတွင်
သင်တန်းသူ(၁၅) ဦး တက်ရောက်ပြီး ထူးချွန် သူများအား အပ်ချုပ်စက် (၁)လုံးစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
0 comments:
Post a Comment