Saturday, 4 May 2013

တာချီလိတ်မြို့တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဆရာဆရာမများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အပိုင်း(၁) ဖွင့်လှစ်ပို့ချ





တာချီလိတ်မြို့နယ် တာလော့အခြေခံပညာမူလတန်းလွန်ကျောင်းတွင်  (၄.၅.၁၃)ရက်နေ့ နံနက်(၈း၃၀)နာရီတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဆရာဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အပိုင်း(၁) သင်တန်းဖွင့်ပွဲပြုလုပ်ရာ
တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ညွှန်ကြားရေးမှူး ရုံး(ခွဲ) မှ ဦးစီးအရာရှိ(စီမံ) ဦးတင့်ဆွေ၊ ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာမကြီးများက သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


အဆိုပါသင်တန်းမဖွင့်မီ (၃)ရက်ကြိုတင်၍ တာချီလိတ်မြို့နယ်မှ ဗဟိုအဆင့်သင်တန်းဆင်း ဆရာကြီးဆရာမကြီးများနှင့်ဆရာဆရာမစုစုပေါင်း (၁၀)ဦးတို့အား အကြို ပြင်ဆင်ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။



အဆိုပါသင်တန်းသည်(၁၂)ရက်ကြာမြင့်မည်ဖြစ်ပါသည်။သင်တန်းသားများအဖြစ်မြို့နယ်အတွင်းရှိ သင်တန်းမတက်ရသေးသော ဆရာဆရာမ ၀န်ထမ်းသစ်များ၊အခြေအနေအရပ်ရပ်အရ တက်ရောက်ခွင့်
မရသေးသော မြို့နယ်တွင်းမှ ဆရာဆရာမများတက်ရောက်ကြကြောင်းသိရှိရပါသည်။



သင်တန်းဖြစ်မြောက်ရေးအတွက် ယူနီဆက်နှင့် ပညာရေးဝန်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံပညာနှင့် ကျားမခွင့်တူညီမျှရေး အစီအစဉ်က ဦးဆောင် ပြုလုပ်ကြောင်းသိရှိရပါသည်။








ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ၄င်းစီမံချက် မြို့နယ်များဖြစ်သော ကျိုင်းတုံနှင့်မိုင်းဖြတ်တို့တွင်လည်း အဆိုပါသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပါသည်။



မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံး ကလေးပျော်ကျောင်းများ ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ အထူးစီမံကိန်း မြို့နယ်(၂၅) မြို့နယ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ တာချီလိတ်မြို့နယ်သည်လည်း တစ်မြို့နယ်အဖြစ် ပါဝင်ပါသည်။

                                                                         သတင်းပေးပို့သူ - မြတ်မျိုးမြင့်မာန်














0 comments:

Post a Comment